❄️ အပိုင်း ၁၂ ❄️

236 33 4
                                    

Unicode:

ညနေစောင်းရောက်ပြီဆိုတာနဲ့
အမျိုးစုံသော ဈေးဆိုင်တန်းတွေနဲ့ စည်ကားလွန်းလှတဲ့ထိုလမ်းမှာ ဂျီမင်အလုပ်လုပ်တဲ့ဆိုင်လေးရှိတယ်။

အွန်းနိုနေမကောင်းလို့ အလုပ်မဆင်းတဲ့ဒီရက်တွေက ဂျီမင့်အတွက် မလှုပ်ချင်လောက်အောင် စိတ်ရောလူပါပင်ပန်းရတဲ့နေ့တွေပဲ။

တချို့သော customer တွေရဲ့ရစ်မှုအပေါင်းကိုသည်းခံရတာသူ့အတွက်မခက်ခဲပေမဲ့ ကြာလာတော့လည်း စိတ်ကလုံးပါးပါးနေခဲ့ပြီ။

အိမ်ပြန်ချိန်တွေနောက်ကျပေမယ့်
ဆိုင်ပိတ်ပြီးတာနဲ့ဆိုင်ရှေ့ခုံတန်းလေးမှာထိုင်စောင့်နေတတ်တဲ့ ဂျောင်ကုကြောင့် ပင်ပန်းတာတဝက်လောက်က ယူပစ်သလိုပျောက်တယ်။

" ရှင်းမယ် "

" စားပွဲနံပါတ်ရှစ်က ရှင်းမယ် ဂျီမင် "

ရှေ့ဆင့်နောက်ဆင့်ထွက်လာတဲ့ စားသုံးသူနဲ့သူဌေးရဲ့အသံအဆုံး လက်ထဲက မီးညှပ်နဲ့မီးသွေးပုံးကို မီးဖိုခန်းထဲကစင်လေးပေါ်တင်ခဲ့ပြီး ဆိုင်ရှေ့ကိုပြေးထွက်ရပြန်တယ်။
နဖူးမှာချွေးစက်တွေဖေးတင်နေပေမဲ့မသုတ်အား။
မကျဉ်းမကျယ်ဆိုင်ခန်းလေးထဲ ဆိုင်ရှေ့နဲ့ဆိုင်နောက် လူးလာခေါက်တုန့်နဲ့ ဂျီမင့်မှာ အသက်တောင်ဝအောင်မရှူနိုင်။

"ဝမ် သုံးသောင်းကိုးထောင်ငါးရာပါဗျ "

စားသုံးသူကကမ်းပေးလာတဲ့ငွေတွေကိုရေတွက်စစ်ပြီး ကောင်တာပေါ်ပြေးတင်ရတယ်။

" ဟေး ကောင်လေး၊ မှာမယ် "

ဆိုင်ဝင်ပေါက်ကအသံကြောင့်ကြည့်မိတော့လူခြောက်ယောက်ပါတဲ့အဖွဲ့မို့ လေးယောက်သာထိုင်လို့ရတဲ့စားပွဲဝိုင်းကျဉ်းလေးတွေကိုနှစ်ခုံဆက်ပေးလိုက်တယ်။

" ဆိုဂျူ "

"အသား"

"ငါက အပ်မှိုပါစားမယ် "

" ငါက အရက် "

"ဟေ့ကောင် အရက်မရဘူး ဆိုဂျူပဲရတယ်၊ မူးတာချင်းအတူတူ အကြောရှည်မနေနဲ့"

များပြားလှသောအမှာစကားတွေကို သေချာလိုက်မှတ်ရင်း ထိုလူတွေဆီကအရက်နံ့တွေကြောင့် ဂျီမင်ပိုခေါင်းမူးလာရတယ်။
ဒီလောက်နံစော်နေအောင်သောက်ထားပြီးတာတောင် ထပ်သောက်ဦးမတဲ့။
လူပုံတွေက သန့်သန့်ပြန့်ပြန့်ပါပဲ။

ချစ်ခြင်းစက်ဝန်း 10:13Место, где живут истории. Откройте их для себя