Unicode:
ဂျီမင်နိုးလာတော့ မနက်လေးနာရီပဲရှိသေးတယ်။
ပုံမှန်ထနေကျထက်စောနေသေးပေမဲ့
ဂျောင်ကုပါအတူရှိနေတာမို့မနက်စာလုပ်ပေးချင်တဲ့အသိကြောင့် နိုးလာပုံပေါ်ပါတယ်။ည အခန်းအပြင်ဘက်စာကြည့်စားပွဲလေးမှာပဲအိပ်ပျော်သွားတာသေချာပေမဲ့ အခုမှသေချာသတိထားမိတာတော့ သူကအခန်းထဲမှာ...။
ထိုအချိန်တွင် သူ့နှာခေါင်းထဲ ထမင်းကြော်နံ့သင်းသင်းလေးဝင်ရောက်လာခဲ့တယ်။
အိပ်ရာထဲကကျုံးထလိုက်ပြီး အခန်းပြင်ထွက်လိုက်တော့ မီးဖိုခန်းထဲမှာ ပန်းကန်နှစ်ချပ်နဲ့အတူအလုပ်ရှုပ်နေတဲ့ဂျောင်ကုကပြုံးပြလာတယ်။
"နိုးပြီလား ဂျီမင်၊ ကောင်းကောင်းအိပ်ပျော်ရဲ့လား"
"အင်း ၊ညကမင်းငါ့ကိုအခန်းထဲရွှေ့လိုက်တာလား"
အိပ်ချင်နေသေးတဲ့မျက်လုံးလေးကို
လက်ဖမိုလေးနဲ့ပွတ်သပ်ရင်း
ဆံပင်ထိုးထိုးထောင်ထောင်နဲ့ပတ်ဂျီမင်ရဲ့
အိပ်ရာထစပုံစံလေးဟာ ဂျောင်ကုအတွက်တော့ တစ်သက်လုံးငေးကြည့်သွားချင်တဲ့ ပန်းချီကားလှလှလေးပါပဲ။"အဲဒါမေးချင်လို့ မျက်နှာတောင်မသစ်သေးပဲထွက်လာတာလား"
လှပသောအပြုံးတစ်ခုကိုနှုတ်ခမ်းပါးထက်ဆင်မြန်းထားရင်း ဂျောင်ကုက သူ့အနားကိုရောက်လာတယ်။
ပြီးနောက် ဂျီမင့်လက်ကလေးကိုဆွဲယူလိုက်ကာ မျက်ဝန်းထောင့်လေးတွေကိုသူ့လက်ညှိုးလေးနဲ့သုတ်ပေးတယ်။
"အာ...ဂျောင်ကု၊ရတယ် ငါ့ဘာသာလုပ်လိုက်မယ်။"
"ငြိမ်ငြိမ်နေ ဂျီမင်ရဲ့၊ မျက်လုံးလေးတွေကိုအဲ့လောက်ပွတ်နေရင် နာမှာပေါ့ ၊ဒါလေးတောင်မသိရအောင် မင်းကကလေးလေးလား ။"
မျက်ချေးလေးတွေကိုသုတ်ပေးပြီးတဲ့နောက်မှာ ပွပွရွရွဆံပင်လေးကိုဆွဲဖွလိုက်တာမို့ ဂျီမင့်မှာမှင်သက်လျက်...။
အခြေအနေကတော့ ကြည့်ဖူးနေကျ Drama series တွေထဲကလိုပါပဲ။
အပြင်မှာ အလင်းရောင်မကွဲသေး။
ခပ်လှမ်းလှမ်းမှာရှိတဲ့လမ်းမဆီက ကားဟွန်းသံတစ်ချို့မှလွဲ ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်တိတ်ဆိတ်ဆိတ်။