❄️ အပိုင်း ၆❄️

329 56 12
                                    

Unicode;

ဒုန်း!

" အာ့ !"

"ဟာ ဂျီမင် ၊ ရရဲ့လား"

အတန်းရှိရာဝင်ထိုင်ရင်း ခုံအခြေမှာချ‌ထားသော တုတ်ချောင်းကိုမမြင်ပဲ ခလုတ်တိုက်မိခြင်း။

တုတ်ဆိုပေမဲ့ နှစ်တစ်လက်မသစ်သားတုတ်မို့ တိုက်မိသော ခြေသန်းလေးမှာသွေးထွက်နေပြီ။
အကြောင်းသိသူပီပီ အခန်းထဲဝေ့ဝဲကြည့်မိတော့ နောက်ဆုံးတန်းရဲ့ထောင့်ဆုံးခုံက ခပ်ထေ့ထေ့အပြုံးတွေနဲ့ဆုံတယ်။

" ရပါတယ် "

" ဘာကိုရတာလဲ ၊ ထိုင်လိုက် ခုံမှာ "

ပုခုံးနှစ်ဖက်ကနေ ဇွတ်အတင်းဆွဲချပြီး ထိုင်ခိုင်းပြီးတဲ့နောက်မှာ သူ့ရှေ့ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်တဲ့ဂျောင်ကုကြောင့် ဂျီမင်လန့်သွားတယ်။

" ဘာ...ဘာလုပ်တာလဲ"

"ငြိမ်ငြိမ်နေ"

အာဏာသံမဟုတ်ပါပဲ တည်ငြိမ်နေတဲ့ဂျောင်ကုအသံဟာ တစ်ခွန်းဆိုတစ်ခွန်းလိုက်နာချင်လာတဲ့အထိ သက်ရောက်စေတယ်။
ခါတိုင်း ဂျီမင့်ဘေးနားအမြဲကပ်‌နေတဲ့အရိပ်ကလေးမဟုတ်တော့ဘူး။
ထယ်ယောင်းနဲ့ရန်ဖြစ်တဲ့ကောင်လေးမဟုတ်တော့ဘူး။
အရှိန်အဝါတစ်မျိုးနဲ့နာခံချင်စရာကောင်းတယ်။
ကျောင်းအင်္ကျီ‌အိတ်ကပ်ထဲကနေ ဒိုရေမွန်ကာတွန်းရုပ်ကလေးတွေပါတဲ့ အနာကပ်ပလာစတာပြာပြာလေးကိုထုတ်ယူလိုက်တဲ့ဂျောင်ကုရဲ့လက်ချောင်းလေးတွေဟာ အတော်လေးရှည်ပြီး အကြောစိမ်းလေးတွေလက်နေတယ်။
လက်သည်းခွံကြည်ကြည်လေးတွေဟာ နေမလောင်မီးမလောင်နေခဲ့ရတဲ့ပြီးပြည့်စုံမှုရဲ့ပြယုဂ်ပဲ။

အသေးစိတ်ကြည့်မိနေတဲ့ဂျီမင်ဟာ မထင်မှတ်ထားတဲ့ဂျောင်ကုရဲ့လုပ်ရပ်ကြောင့် နှုတ်ခမ်းအစုံဝိုင်းစက်သွားရတယ်။

ဂျီမင်နဲ့အတူ အခန်းထဲကဂျောင်ကုကိုကြွေနေတဲ့ကျောင်းသူတွေရော၊ အခုမှအခန်းထဲဝင်လာတဲ့ ထယ်ယောင်းရော၊ တရားခံ‌ကောင်ရောပါပဲ။

" ရတယ်.. အဲ့လောက်ထိမလို.."

"ငြိမ်ငြိမ်နေပါဆို ၊ ကိုယ်လုပ်ပေးချင်လို့"

ချစ်ခြင်းစက်ဝန်း 10:13Onde histórias criam vida. Descubra agora