❄ အပိုင်း ၁၃ ❄

206 27 5
                                    

Unicode,

'' ခေါက်ဆွဲစားမလားဂျီမင် ''

အအေးဓာတ်သည်ဂျီမင့်ရဲ့ခေါင်မိုးထပ်အိမ်ခန်းထဲအထိ ပိုင်စိုးပိုင်နင်းဝင်ရောက်ခြယ်လှယ်နေခဲ့တာကြောင့် အမေးရှိလာသူ၏ နှာခေါင်းထိပ်ကလေးသည် နီနီရဲရဲ။

မနက်ကမိုးရွာထားတဲ့အပြင်
ယခုလည်း နှင်းမိုးရွာနေသည်မို့
အရိုးထဲထိအောင်စိမ့်နေတဲ့ရာသီဥတုမှာ နဂိုကမှ အအေးဒဏ်မခံနိုင်တဲ့ဂျီမင့်ကောင်လေးဟာ အနွေးထည်သုံးထပ်နဲ့ အလုံထုပ်ကလေးလေးလို...။

'' ဒီမှာ ဘာဂါလည်းဝယ်ထားတာကို ''

'' ဘာဂါလည်းစားမယ် ခေါက်ဆွဲပြုတ်လည်းစားမယ်လေ လုပ်ပါ ကိုယ့်ဂျီမင်ရဲ့ ၊ ဒီရာသီဥတုနဲ့ ခေါက်ဆွဲပြုတ်ပူပူလေးနဲ့ အံကိုက်ပဲလေ ''

ဂျီမင်နဲ့ဆို အမြဲလူကြီးဆန်ခဲ့တဲ့ဂျောင်ကုက သဲ့သဲ့ပြုံးရင်း ခပ်ချွဲချွဲဆိုလေတော့ ဂျီမင့်မှာ လက်နက်ချရတော့သည်။

'' ငါတော့မလုပ်ချင်ဘူး ၊ မင်းလုပ် ''

'' ကိုယ့်ကောင်လေးက ချစ်စရာဗျာ ၊ ကိုယ်ပဲလုပ်ပါ့မယ် အချစ်ကထိုင်နေ ''

မရင်းနှီးတဲ့အခေါ်အဝေါ်အသစ်ကလေးမှာ ဂျီမင့်ပါးလေးတွေနွေးသွားသည်။

တက်ကြွနေတဲ့ဂျောင်ကုက '' Butter '' သီချင်းကို ခပ်တိုးတိုးညည်းရင်း ခေါက်ဆွဲပြုတ်နေတဲ့အချိန် ဂျီမင်က ဗီရိုထဲက မွေ့ယာအထူနဲ့ စောင်ထူထူတစ်ထည်ကို ထုတ်ယူပြီး သူ့အိပ်ယာပေါ်ထပ်ခင်းလိုက်သည်။
သူ့ကောင်လေးဟာ အအေးဒဏ်မခံနိုင်တဲ့သူမလား။

'' ဒီလိုသာ ကိုယ့်ကောင်လေးနဲအတူတူ နေ့တွေညတွေကို အမြဲသာဖြတ်သန်းရမယ်ဆိုရင် ကိုယ်တော့ ထာဝရရှင်သန်ခြင်းရတော့မှာပဲ ''

ခေါက်ဆွဲပြုတ်အိုးလေးကို အပူခံလက်အိတ်နဲ့ကိုင်ကာ ပြတင်းဘေးက စားပွဲလေးပေါ်ချရင်း ဂျောင်ကုက မြူးကြွကြွဆိုသည်။

''ဘာဆိုင်လို့လဲ ''

'' တခါရယ်ရင်တစ်ရက်အသက်ရှည်တယ်ဆို...ကိုယ်အခုရယ်နေတာ ဘယ်နှကြိမ်မြောက်လဲ ''

ပန်းကန်လုံးဖြူလေးနှစ်လုံးထဲ အငွေ့တထောင်းထောင်းထနေတဲ့ခေါက်ဆွဲတွေ ခပ်ထည့်ရင်း ဂျီမင်သိပ်မြတ်နိုးရတဲ့နှုတ်ခမ်းအောက်ကမှဲ့နက်ကလေးက ပျော်နေလေတော့လည်း ဂျီမင့်မှာ အပြုံးတွေကမရပ်တန့်နိုင်။

ချစ်ခြင်းစက်ဝန်း 10:13Where stories live. Discover now