❄ အပိုင်း ၁၄ ❄

178 22 4
                                    

Unicode:

မနက်ခင်းရဲ့နေခြည်နုနုက
ပတ်ဝန်းကျင်တစ်ခွင်လုံးကို ရွှေမှုန်ရွှေစလေးတွေ  ပတ်ဖြန်းထားသလိုပင်။
လေပြေညှင်းလေးသွဲ့သွဲ့တိုက်ခတ်နေခဲ့တဲ့ သာယာသောမနက်ခင်းလေးတစ်ခုမှာ မသာယာနိုင်တာ ဂျီမင်တစ်ယောက်ပဲရှိမည်ထင်ပါသည်။

ဂျီမင်အခုရောက်ရှိနေတဲ့နေရာက
ကျောင်းနဲ့သိပ်မဝေးတဲ့ ကစားကွင်းတစ်ခုမှာဖြစ်သည်။
ဂျီမင်ထိုင်နေတဲ့ခုံတန်းလေးရဲ့ ခပ်လှမ်းလှမ်းမှာ
seesaw ပေါ်မှ ကလေးငယ်နှစ်ယောက်ရှိသည်။

ရယ်သံ​​​သေး​သေး​လေး​တွေနဲ့ seesaw  တဖက်ရှိ
တစ်ယောက်ကထရပ်လိုက်တဲ့အခါ
တဖက်ကကလေးငယ်က အင့်ခနဲမြေပြင်နဲ့ထိကပ်သွားခဲ့သည်။

ဒီလိုသဘောတရားတွေ...
သူနဲ့ဂျောင်ကုကြားက ချစ်ခြင်းမေတ္တာဟာ seesaw တစ်ခုသာဆိုရင်
ဂျောင်ကုက ဒီ seesaw ကိုမဆော့ချင်တော့ပါဘူး စိတ်ကုန်ပါပြီဆိုလျှင် သူ့မှာ ရွေးချယ်စရာလည်း မရှိသလို ဘာမှလည်းတတ်နိုင်မှာမဟုတ်ဘူး။

ဂျောင်ကုသာမရှိရင် သူဘယ်လိုဖြစ်သွားမှာလဲ? ။

အသက်ကိုပြင်းပြင်းရှူကာ မျက်လုံးတွေကို ဖိပိတ်မိတော့ အမြင်အာရုံထဲ ကားထဲကမိန်းကလေးကိုနှုတ်ဆက်နေတဲ့ဂျောင်ကုရဲ့အသွင်က ပေါ်လာသည်။

ဒီမနက် ဘတ်စ်ကားအတူစီးဖို့ချိန်းထားတာကိုပျက်ကွက်ခဲ့တာ အဲဒီမိန်းကလေးကြောင့်လား ဂျောင်ကု? ။

ဂျီမင် ငြိမ်ငြိမ်လေးထိုင်နေခဲ့တာ မိနစ်အနည်းငယ်ကြာသွားခဲ့ပြီဖြစ်သည်။
ချန်းယောင်းက ကျောင်းခေါင်မိုးထပ်ဆီခေါ်သွားမယ်ထင်ခဲ့တာ...တကယ်တမ်းရောက်လာတော့ ကစားကွင်းတစ်ခုကို။

" ရော့...."

နူးညံ့သည်လည်းမဟုတ်
မာကျောသည်လည်းမမည်တဲ့ တစ်ခွန်းတည်းသော စကားနဲ့အတူ ဂျီမင့်လက်ထဲ ရေခဲမုန့်တစ်ခုရောက်ရှိလာသည်။

" ဝမ်းနည်းနေရင် ချိုတာစားရတယ် ငါဝယ်ကျွေးတာ စား "

စိတ်ညစ်နေရင်းကြားမှ ဂျီမင်ပြုံးမိသည်။
လေထုက ရုတ်ချည်း နွေးထွေးလာသလို။

ချန်းယောင်းပေးတဲ့ ပန်းရောင်ရေခဲမုန့်လေးကိုကြည့်ရင်း ဂျီမင် ခပ်တိုးတိုးဆိုမိသည်။

ချစ်ခြင်းစက်ဝန်း 10:13Opowieści tętniące życiem. Odkryj je teraz