Unicode:
ဂျီမင်မှန်ရှေ့မှာရပ်ကာ မှန်ထဲကပုံရိပ်ကိုတချက်ကြည့်လိုက်တယ်။
ရိုးရှင်းသောဂျင်းဘောင်းဘီနဲ့ရေညှိစိမ်းရောင်ဟူဒီလေးရဲ့တွဲဖက်မှုက သူ့မျက်စိထဲပြည့်စုံနေပြီမို့ ဆံပင်အုပ်အုပ်လေးကို တစ်ချက်နှစ်ချက်သပ်လိုက်ပြီး အနက်ရောင် အိတ်သေးသေးလေးကိုကောက်လွယ်လိုက်တယ်။
ထိုအိတ်ကလေးထဲ အညိုရောင်စာအုပ်ကလေးလည်းပါတယ်။ရွှင်မြူးနေသောစိတ်ကြောင့် လေလေးပါချွန်နေမိပြန်တယ်။
ဒီနေ့က ဂျောင်ကုနဲ့ဒိတ်ဖို့ချိန်းထားတာ ။
Namjoon Hyung က သူ့ကောင်လေးရဲ့မြို့ကိုအလည်လိုက်သွားတာမို့ ဆိုင်ပိတ်တယ်လေ။အခန်းငယ်ကိုသေချာသော့ခတ်ပြီး လှေကားထစ်တွေကိုတထစ်ချင်းကျော်ဖြတ်ခဲ့တယ်။
စိတ်ကကြည်နေပြန်တော့ လျှောက်နင်းနေရတဲ့ ကတ္တရာလမ်းမကအစ လှနေသလိုပဲ။
ဆက်ဆင်းဖို့ လှေကား ဆယ်ထစ်လောက်ကျန်တဲ့အချိန်မှာ လုံခြုံရေးအခန်းလေးရှေ့မှာ လက်လှမ်းပြနေတဲ့သူ့ကောင်လေးကိုတွေ့လိုက်ရတယ် ။
ကောင်လေးဆိုတဲ့အတွေးလေးကြောင့် ဂျီမင်နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိပြန်ပါတယ်။
ခြေလှမ်းတိုင်းကိုမျက်တောင်မခတ်ငေးမောနေတဲ့ဂျွန်ဂျောင်ကုလေးဟာ အသက်ပင်ရှူရဲ့လားမသိ။
အလိုလိုနေရင်းပါးတွေပူလာပြီး
မျက်နှာတစ်ခုလုံးပေါက်ထွက်တော့မလို ခံစားလာရတယ်။" ဘာတွေအဲ့လောက်ကြည့်နေတာလဲ "
"မင်းက လှလှလေး "
"ဟင် !"
ဂျောင်ကုပြောတာကိုသေချာမကြားရတာမို့ သူပြန်မေးတော့ မဖြေပဲ ခေါင်းငုံ့ကာတချက်ရယ်တယ်။
ထိုအခိုက် မျက်စိရှေ့ဝင်ရောက်လာသောလက်ဖဝါးတစ်ဖက် ။
ထင်ထင်ရှားရှားလက္ခဏာလေးတွေကအစ ခန့်ညားနေတဲ့ လက်ဖဝါးရဲရဲလေး...။
နားမလည်ဟန်မော့ကြည့်မိတော့ ခန္ဓာကိုယ်ရဲ့ဘေးတဖက်တချက်စီမှာချထားတဲ့ သူ့လက်တစ်စုံကို ဂျောင်ကုက မေးငေါ့ပြတယ်။