❄️ အပိုင်း ၂ ❄️

464 71 4
                                    

Unicode;

"ဂျီမင်ရေ....Hyung ပန်းသွားပို့ဦးမယ်နော်၊ ဆိုင်ကိုသေချာကြည့်ထားဦး"

"ဟုတ်ကဲ့ Hyung ရေ ။ "

Cosmos ရောင်စုံလေးတွေကို
ရေဖြန်းတဲ့ဘူးလေးနဲ့ ပတ်ဖြန်းနေရင်းမှ
Hyung ကိုပြန်ထူးလိုက်ရတယ်။
ခဏအကြာ ဆိုင်တံခါးဖွင့်သံနဲ့အတူ Hyung ထွက်သွားသံကိုကြားလိုက်ရတယ်။

weekend နှစ်ရက်မှာတော့ ဒီပန်းဆိုင်လေးမှာပဲ တနေကုန်‌လုပ်ရတာမို့ ဒီနေ့တော့ Hyung ကိုခွင့်တောင်းပြီး စောစောပြန်ဖို့စိတ်ကူးထားတယ်။

မေမေ့ဆီကိုမရောက်ဖြစ်တာကြာပြီမို့လို့လေ။

ချလွင်!!

ဆိုင်ရှေ့တံခါးကဧည့်ခေါ်ဆည်းလည်းသံလေးကြောင့် ရေဘူးလေးကို မှန်ပြတင်းလေးဘေးကဝရံတာတန်းလေးပေါ်တင်လိုက်ပြီး ဆိုင်ရှေ့ကို ‌အပြေးလေးထွက်လိုက်တယ်။

"ကြိုဆိုပါတယ်"

"ပန်းဝယ်ချင်လို့"

"ဟုတ်ကဲ့....ဘာပန်းအမျိုးအစားလိုချင်တာလဲဗျ"

"ကောင်မလေးအတွက်ပါ....ဒီနေ့က Anni day မို့ အဓိပ္ပါယ်ရှိတဲ့ပန်းလေးညွှန်းပါဦး"

ဂျီမင်က Tulip တွေရောင်စုံစီထားတဲ့နေရာလေးဆီလျှောက်သွားလိုက်တယ်။

"Purple Tulip လေးတွေဆိုရင်ရော အကို၊
သူက နက်ရှိုင်းတဲ့ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတယ်လေ ။ အရောင်ကလဲနုနုလွင်လွင်လေးနဲ့ဆွဲဆောင်မှုရှိတာမို့ အကို့ကောင်မလေးအရမ်းကြိုက်သွားမှာပါ"

"ဟုတ်ပြီ...ဒါဆို Purple Tulip လေးတွေကိုပဲ လှလှလေးစည်းပေးပါ"

"ဟုတ်ကဲ့အကို၊ ဒီမှာခဏထိုင်စောင့်ပေးပါနော်"

မိနစ်ပိုင်းလောက်ကြာသွားပြီးတဲ့အခါ size အနေတော်လေးနဲ့ Purple Tulip ပန်းစည်းလေးက ဝံ့ဝံ့ကြွားကြွားပုံစံလေးနဲ့လှပနေတော့တယ်။

"ဒီမှာပါ အကို၊ ဒါကကျသင့်ငွေပါ"

"အရမ်းလှတာပဲ၊ ကျေးဇူးတင်ပါတယ်"

ဝယ်သူဆီကကျသင့်ငွေယူပြီးနောက် ဖြတ်ပိုင်းလေးကိုပြန်ပေးလိုက်တော့ ဝယ်သူရဲ့မျက်လုံးထဲမှာ ပန်းစည်းလေးကိုအရမ်းသဘောကျနေ‌တာတွေ့ရတော့ ကြည်နူးရပြန်တယ်။

ချစ်ခြင်းစက်ဝန်း 10:13حيث تعيش القصص. اكتشف الآن