❄️အပိုင်း ၃ ❄️

350 62 8
                                    

Unicode;

******

ဒီဇင်ဘာနှင်းစက်တွေကြား
အေးစက်နေတဲ့ကျွန်တော့်နှလုံးသားကို
နွေးထွေးသွားအောင်ပြုစားခဲ့တဲ့
လူသားတစ်ယောက်ရှိခဲ့တယ်....

******
******

သမားရိုးကျပုံသေနည်းတွေအတိုင်း
တသဝေမတိမ်းဖြတ်သန်းခဲ့ရတဲ့
ဂျီမင့်ရဲ့နေ့ရက်တွေက
အခုမှ ပိုပျော်စရာကောင်းလာတယ်။

ဟင့်အင်း .... စိတ်လှုပ်ရှားစရာကောင်းလာတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

ဂျွန်ဂျောင်ကုကို အသိစိတ်ကနေ အလိုလိုရင်းနှီးကျွမ်းဝင်လာခဲ့ခြင်းနဲ့ထပ်တူပဲ
10 နာရီ 13 မိနစ်ကိုရောက်တိုင်း
မသိစိတ်က မျှော်နေမိတဲ့အချက်ကိုလဲ
ဂျီမင့်ရဲ့ထူးမခြားနားတဲ့ဖြတ်သန်းမှုနေ့ရက်တွေထဲ ထပ်ပေါင်းထည့်ရမယ်။

သို့ပေမဲ့ နေ့စဉ် 10 နာရီ 13 မိနစ်တိုင်း
ဂျီမင်မျှော်နေသလို ဂျောင်ကုကရောက်မလာခဲ့ပါ ။

တစ်ပတ်မှာ တစ်ခါ ဒါမှမဟုတ် နှစ်ခါသာ
ရောက်ရောက်လာတတ်တဲ့ ဂျောင်ကုက
မအားလို့တဲ့လေ။

အနာဂတ်မှာသူတက်နေတဲ့တက္ကသိုလ်အတွက် စာတမ်းတစ်ခု ပြင်ဆင်နေလို့တဲ့ ။

ဒီနေ့တော့ ဂျီမင်က စာကြည့်တိုက်လေးအတွင်းမှာ တိတ်တဆိတ်လေး စာကြည့်နေခဲ့တယ်။

စာမေးပွဲကနီးလာပြီမို့ self study လုပ်ရတဲ့သူ့အတွက်က အချိန်ပိုင်းအလုပ်မှာတောင်
Note စာရွက်လေးတွေနဲ့ နပမ်းလုံးနေခဲ့ရတယ်။

မသိမသာမျှော်နေမိတဲ့ဂျောင်ကုကလဲ
ဒီအပတ်အတွင်း တကြိမ်တခါမှတောင် မရောက်လာခဲ့သေးပါ။

ကျက်စာတစ်ပုဒ်ကို နောက်ဆုံးတခေါက်
မျက်လုံးများမှိတ်ပြီး အလွတ်ရွတ်ဆိုပြီးတဲ့အချိန်မှာ အိပ်ရေးမဝခဲ့တဲ့မျက်လုံးတွေက သစ္စာဖောက်တော့တာပါပဲ ။

စားပွဲပေါ်မျက်နှာမှောက်ချပြီး အိပ်စက်ခြင်းဆီကို လုံးဝရောက်သွားခဲ့တဲ့အချိန်မှာ
သူ့နဖူးလေးကိုအသာမပြီး နဖူးနဲ့စားပွဲကြား ထိုးခံထားပေးခဲ့တဲ့ လက်ဖဝါးတစ်စုံကိုလဲ သူမသိတော့ဘူး။

ချစ်ခြင်းစက်ဝန်း 10:13Dove le storie prendono vita. Scoprilo ora