Unicode:
အခန်း ၃ ရဲ့ကျောင်းသားကျောင်းသူများကိုတင်ဆောင်လာတဲ့ ကျောင်း Bus ကြီးဟာ အဝေးပြေးလမ်းမကြီးပေါ်မှာတရိပ်ရိပ်...။
အခုဆို ခရီးစတင်လာတာ နှစ်နာရီလောက်ကြာခဲ့ပြီဖြစ်သည်။
ကားပေါ်မှ ဂိမ်းကစားနေတဲ့ဆူညံသံတွေဟာမစဲသေး။ဂျီမင်မက်ဆေ့ထဲဝင်ကြည့်လိုက်မိသည်။
မနေ့ကဝင်ထားတဲ့ဘေလက်ကျန်နည်းနေကြောင်းစာတိုလေးကလွဲရင် တခြားမက်ဆေ့ဝင်ထားခြင်းမရှိ။အဝေးပြေးလမ်းမကြီးဘေးမှာ အစီအရီပေါက်နေတဲ့ တရိပ်ရိပ်ကျန်နေခဲ့သော ရွှေဝါရောင်တောပန်းလေးတွေကိုအကြောင်းမဲ့ ငေးကြည့်ဖြစ်သည်။
သူကပဲ စပြီးဆက်သွယ်လိုက်ရမလား။
တကယ်ဆို သူနဲ့ဂျောင်ကုကြား ဘာပြဿနာမှဖြစ်ထားခြင်းမရှိပေ။
ဂျောင်ကုဟာ သူ့အပေါ် ဘယ်တော့မှအဲ့လိုလုပ်မှာမဟုတ်ဟု ယုံကြည်သော်လည်း တဖက်မှာက ထိုမိန်းကလေးနဲ့ရယ်မောနေခဲ့တဲ့ဂျောင်ကုရဲ့ဟန်ပန်တွေကို မေ့ဖျောက်မရပဲဖြစ်နေပြန်သည်။လမ်းမဆီကအကြည့်တွေဖယ်လိုက်ကာ ဖုန်း contact ထဲဝင်မိသည်။
လက်ချောင်းတွေသည် " နမ်မ်ဂျားချင်းဂု " လို့ရေးမှတ်ထားတဲ့နံပါတ်တစ်ခုဆီဖိနှပ်လိုက်တော့မဲ့ဆဲဆဲမှာပဲ ဂျီမင်သက်ပြင်းချကာ လက်ကိုပြန်ရုတ်လိုက်သည်။
ထို့နောက် ဖုန်းကို အိတ်ကပ်ထဲထည့်လိုက်ကာ မျက်လုံးတွေကိုမှိတ်ထားလိုက်တော့သည်။
သူ....ဘာမှမတွေးချင်တော့။
" ငါ မဟုတ်ဘူး ၊ ငါက မာဖီးယားမဟုတ်ဘူးလို့ "
" မဟုတ်ဘူးလို့သောက်ရမ်းငြင်းနေတာကိုက သံသယဖြစ်စရာကောင်းနေတာကွာ ၊ သေချာတယ် ဒီကောင်မာဖီးယားပဲ "
" ဟာကွာ...! "
" ရေးးးးးဂယောင်းဂျွန်းမျက်နှာကို ဝိုင်းဆွဲ "
" ဟား ဟား ဟား.... "
ဆဲရေးတိုင်းထွာသံတွေနဲ့ ကျေနပ်အားရစွာ ရယ်မောအော်ဟစ်သံတွေကြောင့် ဒရိုင်ဘာဦလေးကြီးက နှစ်နှစ်ခြိုက်ခြိုက်ပြုံးသည်။