ကျွန်မရှိသမျှအားေတွကိုသုံးပြီးေဘးမှာပစ်ထားတဲ့အမှိုက်တွေထဲကတုတ်ကိုယူပြီးနှစ်ယောက်လုံးကိုရိုက်ချမိလိုက်တယ်။ရိုက်ပြီးအံ့သြနေတဲ့ဆိုကူ့လက်ကိုဆွဲကာကျောင်းကိုတန်းပြေးခဲ့ကြတယ်။ အတန်းထဲရောက်တော့သူမအရာတစ်ခုခုကိုသေချာစဉ်းစားနေပုံရတယ်။ သူမစာေတာင်အာရုံမစိုက်နိုင်ဘဲပြတင်းေပါက်အပြင်ကိုေငးကာစဉ်းစားေနရှာတယ်။ ဒါနဲ့ကျွန်မကိုယ်ကျွန်မအံသြမိတယ်။ ကျွန်မဘာလို့သူမအကြောင်းကိုစိတ်၀င်စားနေတာလဲ။ သူမဘာသာဘာလုပ်လုပ်ပေါ့။ လမ်းကြားထဲကကိစပြီးကတည်းကသူမအကြောင်းကိုအာရုံစိုက်နေမိတယ်။ နားချိန်ရောက်တော့သူမကျွန်မဆီပြေးလာပြီး။ 'နင်နဲ့ငါသူငယ်ချင်းဖြစ်သွားပြီမလား။ ' 'ငါ၊ ဘယ်တုန်းကလဲ။ ' 'ငါနင့်ကိုကယ်လိုက်တယ်။ နင်ငါ့ကိုကယ်လိုက်တယ်။ အချင်းချင်းကူညီဖေးမကတည်းကသူငယ်ချင်းဖြစ်သွားပြီလေ။ ' 'ကျေးဇူးဆပ်တာလို့ခေါ်တယ်။ အရူးရဲ့။' 'ဘာဘဲဖြစ်ဖြစ်။ သူငယ်ချင်းလုပ်မယ်။ ငါပြန်မိတ်ဆက်မယ်။ ငါက ဆိုကူရ နိဒိုရ တွေ့ရတာ၀မ်းသာပါတယ်။' ကျွန်မရယ်မိတယ်။ သူကပျော်ပျော်နေတတ်တယ်။ ကျွန်မနဲ့ဆန့်ကျင်ဘက်ဘဲ။ ကျွန်မကိုပျော်အောင်လုပ်ပေးနိုင်တဲ့သူပထမဦဆုံးရှာတွေ့တာဘဲ။ 'အင်း။ နင်ဖြစ်ချင်တော့လဲသူငယ်ချင်းဖြစ်ပေးရတာပေါ့။ ' သူမပြုံးပြီး 'ဒါဆိုငါနဲ့လိုက်ခဲ့ငါ့သူငယ်ချင်းတွေကိုမိတ်ဆက်ပေးမယ်။' ကျွန်မပြန်မဖြေနိုင်ခင်မှာဘဲသူမကျွန်မလက်ကိုကိုင်ပြီးဆွဲခေါ်သွားပါေတာ့တယ်။ 'ဟဲ့နေဉီးငါသူငယ်ချင်းမလိုချင်ဘူး။ ' 'ဒါပထမဉီးဆုံးမို့လို့ပါေနာက်ဆိုနင်သူငယ်ချင်းေတွအများကြီးရနေေလာက်ပြီ။ နင်ကငါ့ထက်ချစ်ဖို့ကောင်းတယ်။' ကျွန်မသူ့စကားတစ်ခွန်းနဲ့ရင်ထဲမှာခံစားရခက်သွားတယ်။ နှလုံးခုန်မြန်လာပြီးမျက်နှာကြီးပူလာတယ်။ ' ကဲဒါကငါ့သူငယ်ချင်းတွေ အီဆူ၊ယန်နာ၊အင်ယန်း ဘဲ။ ' 'တွေ့ရတာ၀မ်းသာပါတယ်။ မယ်ဆုရိုင်း လို့ခေါ်ပါတယ်။ ' 'တွေ့ရတာ၀မ်းသာပါတယ်။ မယ်ဆုရိုင်း။ ' (အားလုံးနှုတ်ဆက်လိုက်တယ်) အီဆူကပြောတယ်။ အီဆူကယောကျာ်းလေး၊ဆံပင်အနက်အတိုနဲ့မျက်လုံးကမီးခိုးရောင်လေး။ ယန်နာကအပန်းေရာင်ဆံပင် အရှည်လေးကိုချထားပြီးမျက်လုံးကအစိမ်းလေး။ အင်ယန်းကဆံသားကနက်မှောင်ကာရှည်လျားပြီးဆံပင်လေးကိုစည်းထားတယ်။ မျက်လုံးလေးကအနီရောင်လေး။ စတော်ဘယ်ရီသီးေလးလိုဘဲ။အီဆူကပြောတယ် 'မယ်ဆုမင်းကအတန်းတည်းကအသံတိတ်တဲ့တစ်ယောက်ဘဲ။ ငါမင်းကိုစကားမပြောတတ်ဘူးတောင်ထင်နေတာ။ ' ယန်နာက 'စောက်ရူးနင်ပါးစပ်ပုပ်ကြီးနဲ့သူများကိုရှက်အောင်လုပ်နေတယ်။ ' (ရိုက်လိုက်တယ်) အင်ယန်းက 'နင့်ကိုငါမြင်ဘူးသလိုဘဲ။ နင်နာမည်အပြည့်အစုံသိခွင့်ရမလား။ ' 'အင်း။ မယ်ဆုရိုင်း ဟာရိကို ပါ။ ' သူမအံ့သြသွားတယ်။ 'အော်မင်းနဲ့ငါပိုရင်းနှီးခွင့်ရမလား။ ဒီညနင်နဲ့ငါခေါက်ဆွဲသွားစားရအောင်လေ။ ' ဆိုကူရ က 'ဟေ့။ သူမကစာလုပ်ရဦးမှာ။ ' 'ငါနင့်ကိုမမေးဘူး။ မယ်ဆုကိုမေးတာ။ ' ' ဟင့်အင်း။ ဆိုကူရ ပြောတာမှန်တယ်ကျွန်မစာလုပ်ရဦးမယ်။ ' 'အော်။ ဒါဆိုနောက်မှသွားကြတာပေါ့။ ' ဒီလိုနဲ့ကျောင်းတက်သွားပြီးစာဆက်လုပ်တယ်။ ကျောင်းဆင်းတော့အမေလာကြိုတာနဲ့အတူပြန်ရင်း။ အမေရုပ်မကောင်းတာသတိထားမိတယ်။ 'မေမေဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား။ ' 'အင်းနည်နည်းပါသမီးလေးရယ်။ စိတ်မပူနဲ့ပုံမှန်ဘဲ။ ရက်နည်းနည်းနေရင်ပျောက်သွားမှာ။ ' ဒါပေမဲ့မေမေတစ်ခုခုဖုံးကွယ်ထားတယ်။ ဒါကအဖျားနဲ့မတူဘူး။ သွေးအားနည်းသလိုမျိုး။ ဖြူဖတ်ဖြူရောဖြစ်နေတယ်။ အိမ်ရောက်တော့ထမင်းအတူစား၊စာလုပ်ပြီးတော့ဖုန်းကိုင်မိတယ်။ ကျွန်မလဲသတိထားမိတယ်။ အင်ယန်းကိုမြင်ဖူးသလို။ နောက်တော့ဖုန်းပေါ်မှာတက်လာတော့တယ်။ သူမကကျွန်မအဖေရဲ့အလုပ်ပါတနာ ဟီဆု လုပ်ငန်း CEO လီယန်းဟီဆုရဲ့သမီးဘဲ။ ငယ်ငယ်တုန်းကကျွန်မမွေးနေ့ညစာစားပွဲမှာမြင်ဖူးတာဘဲ။ သူမကကျွန်မကိုသိသွားပေမဲ့ဘာလို့သူမကျွန်မက ဟာရိကိုလုပ်ငန်းစု CEO နိကိုရိုင်း ဟာရိကိုရဲ့သမီးဆိုတာသူများမပြောတာလဲ။ သူမကျွန်မမျက်နှာပျက်အောင်လုပ်လို့ရတယ်။ သူမမလုပ်ခဲ့ဘူး။ ေနောက်နေ့ကျောင်းသွားသောလမ်းတွင် 'ဟိုင်းမယ်ဆု။' (အင်ယန်းကနှုတ်ဆက်လိုက်တယ်) 'ဟိုင်း' မင်းဒီညရောအားလား။ သောကြာနေ့ညကြီးလေ။ ' 'အား...အားပါတယ်' 'ဒါဆိုခေါက်ဆွဲသွားစားရအောင်။ ငါဆိုင်ကောင်းကောင်းသိတယ်။ ' 'okey လေ' ဆိုကူရက ယန်နာ၊အီဆူတို့နဲ့ေနာက်ကလာရင်း။ အင်ယန်းကိုစိုက်ကြည့်နေတာတွေ့မိတယ်။ ရန်များဖြစ်ထားကြတာလား။ သူမအင်ယန်းနဲ့ကျွန်မကြား၀င်ပြီး။ ' မယ်ဆုနင်နဲ့ငါဒီတစ်ပတ်ပိတ်ရက်လျှောက်သွားမယ်လိုက်မလား။ ' 'ငါအပြင်သွားရတာမကြိုက်ဘူး။ ' အော်နင်ကအင်ယန်းခေါ်တော့လိုက်ပြီးငါခေါ်တော့မလိုက်ချင်ဘူးလား။ ' (စိတ်တိုနေတဲ့အသံနှင့်ပြော) 'နင်တို့နှစ်ယောက်အတင်းခေါ်တိုင်းလိုက်နေရတာလေ။ ' 'နင်အားလပ်ရက်လုပ်စရာလဲရှိတာမဟုတ်ဘူး။ အတူသွားမယ်။ '(ကျွန်မကိုစိုက်ကြည့်နေသည်။) 'အင်းဟာ ဆိုကူ' 'ကောင်းတယ်။ လာကျောင်းခန်းထဲ၀င်မယ်။ ' သူမကျွန်မကိုအတင်းဆွဲခေါ်ကာကျောင်းခန်းထဲ၀င်သွားကြသည်။ အင်ယန်းတစ်ယောက်ထဲထိုင်နေရှာတယ်။ ဆိုကူကျွန်မကိုဒီလိုတွေပြုမူနေတာ။ သူကျွန်မကိုကြိုက်...မဟုတ်လောက်ပါဘူး။ ညနေရောက်တော့။ 'သမီးကောင်မလေးတစ်ယောက်သမီးကိုလာရှာတယ်။ ' 'ဟုတ်။ သူ့ကို၀င်ခိုင်းလိုက်။ ခဏစောင့်လို့ပြောလိုက်မေမေ။ ' မေမေတံခါးဖွင့်ပြီး၀င်ခိုင်းလိုက်တယ်။ 'ဟိုင်းအန်တီ။ ' 'အိုးမင်းကအင်ယန်းဘဲ။ ငယ်ငယ်တုန်းကတွေ့ဖူးတယ်လေ။ ' 'ဟုတ်အန်တီ။ သမီးနဲ့မယ်ဆုပြန်တွေ့တာနဲ့စကားပြောချင်လို့လာခေါ်တာ။ ' 'အော် ။ အေးကွယ်။' ကျွန်မမြန်မြန်ဆင်းလာလိုက်ပြီး။ 'သွားမယ်အဆင်သင့်ဘဲ။ ' 'မယ်ဆုနင်လှနေတယ်။ ဂါ၀န်လေးနဲ့။ ' (သူမမျက်နှာကြီးနီရဲနေကာ )'ကျေးဇူး သွားမယ်။' မေမေ့ကိုနှုတ်ဆက်ပြီးထွက်လာခဲ့ကြတယ်။ သူမမှာကားပါလာတာမသိလိုက်ဘူး။ ဆိုင်ရောက်တော့သီးသန့်ခန်းထဲ၀င်ကာစကားလဲပြော၊စားလဲစားကြပါေတာ့တယ်။ 'မယ်ဆုငါနင့်ကိုမေးစရာရှိတယ်' 'အင်းမေးလေ။ ' 'နင်ဘာလို့ချမ်းသာတယ်ဆိုတာဖုန်းကွယ်ထားတာလဲ။ ' 'သူငယ်ချင်းအစစ်ရှာချင်လို့။ ' 'အော်။ငါသူများေတွကိုမပြောမိတာကံကောင်းတာပေါ့' 'အင်း။ ဒါနဲ့ေကျးဇူးအခြေအနေတွေမငြိမ်မချင်းငါဘယ်သူ့ကိုမှမသိေစချင်ဘူး။ငါ့အကြောင်းကို။ ' 'အင်း။ ငါကြားမိပါတယ်။ ' ကျွန်မတို့တဖြည်းဖြည်းပိုရင်းနှီးလာပြီး။ ပြန်တော့ကားပေါ်တွင်။ 'မယ်ဆုနင်သိလားတော့ငါမသိဘူး။ ငါနင့်ကိုနင့်အသက်5နှစ်ပြည့်ေမွးေန့ကတည်းကနင့်ကိုစကြိုက်မိတာ။ နင်10ေရာက်တော့နင့်အ ဖေကနင့်ကိုတစ်ခြားေနရာေခါ်သွားတာနဲ့ငါနင့်ကိုေစာင့်ေနခဲ့တာကြာပြီ။' ကျွန်မအံသြစွာဖြင့် 'ဘာ'
To be continued 😏
YOU ARE READING
ချစ်ပေမဲ့လဲ
Romantizmgl sad story. The girl who can't love two girl. She gotta choose who to love or love both.