(4)U/Z

270 8 2
                                    


" ထယ်လေးမအိပ်သေးဘူလား "

ကျွန်တော်အန်ကယ်နဲစကားပြောပြီးခုံပေါ်ပြန်ထိုင်နေချိန်မှာမောင်ရဲခေါ်သံကိုကြားလိုက်ရတယ် အခုမှအိပ်ယာနိုးလာတဲ့မောင်ပုံဆန်လေးဟာ ကလေးတစ်ယောက်အလားပဲ ချစ်ဖိုးကောင်းနေခဲ့တယ်

" မအိပ်သေးဘူး မောင်ဗိုက်စာလို့လားကျွန်တော်ပြင်ပေးမယ်လေခနလေးပဲစောင့်နော် "

" ထယ်လေးမောင်ဗိုက်မစာသေးပါဘူးဒီတိုင်းဆင်းလာတာ ပြန်အိပ်တာအိပ်မပျော်တော့လို "

" အော် လာလေကျွန်တော်တို့စကားပြောကြတာပေါ့ "

" အွန်း "

ကျွန်တော်ခေါ်လိုက်တော့အနားလာပြီထိုင်နေတဲ့မောင်အခုချိန်ထိဘာစကားမှမဆိုသေးဘူး ကျွန်တော်မောင်မျက်နှာလေးကိုကြည့်လိုက်တော့ငိုထားတဲ့ပုံပဲ နှာထိပ်လေးကိုရဲလို့ ကျွန်တော်မောင်းပါလေးကိုယ်ကိုင်ကာဂရုဏသက်စွာကြည့်နေမိခဲ့တယ်

" မောင် ကျွန်တော်ဘာလုပ်ပေးရမလဲဟင် "

" မဟုတ်တာမောင်အဆင်ပြေပါတယ် "

" မောင်သူကိုအရမ်းချစ်တာပဲလာ "
စိတ်ထဲ့ကမပါပင်မဲ့လဲပေါ့

" မောင်မဖြေပါရစေနဲ "

မောင်စကားကြောင့်ကျွန်တော်အရူးတစ်ယောက်လိုအော်ရယ်ခဲ့မိတယ်

" ဟားးးးးးး ကျွန်တော်ကအရူးပဲနော်မောင်ကိုယ်မပိုင်ဆိုင်နိုင်မှန်းသိသိကြီးနဲအဲ့လူတစ်ယောက်ကိုဆက်ဆွဲထားချင်နေတုန် နာကျင်မှန်လဲသိတယ် ဒါပေမဲ့ ကျွန်တော်ဘယ်လိုမှမတတ်နိုင်ခဲ့တာမောင်ရယ် "

ကျွန်တော်မောင်ကိုပြောပြီးအခန်းထဲ့ကိုပြေးဝင်သွားခဲ့မိတယ် ဘာလိုဆိုမောင်ရှေမှာကျွန်တော်မျက်ရည်တွေကိုမတွေ့စေချင်လိုပဲ

အခန်းထဲ့ပြေး၀င်သွားတဲ့ထယ်လေးကိုယ်ကြည့်ပြီးကျွန်တော်စိတ်မကောင်းဖြစ်ခဲ့ရတယ် ကျွန်တော်ကိုယ်တိုင်ကလဲအားမရဘူး ကျွန်တော်ဘာတွေဖြစ်နေမှန်းလဲမသိဘူး သေချာတာကကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချမှရတော့မယ်

" မောင်ကိုအချိန်နည်းနည်းတော့ပေးပါ ထယ်လေးရယ် မောင်ကြိုးစားပြီးမေ့နိုင်အောင်လုပ်ပါ့မယ်လိုကတိပေးပါတယ် "

အဖြူရောင်တိမ်ဆိုင်ကြိုး Where stories live. Discover now