(16)U/Z

186 3 1
                                    


ကျွန်တော်သားလေးအတွက်အလုပ်တွေပိုကြိုးစားခဲ့တယ် သားလေး19နှစ်ပြည့်တဲ့အထိပဲ

တနေ့ကျွန်တော်အလုပ်ကအပြန် မထင်မှတ်ပဲကောင်လေးတစ်ယောက်ကိုကားနဲ့တိုက်မိသလိုဖြစ်သွားခဲ့တယ် ကားပေါ်ကနေအမြန်ဆင်းပြီးထူပေးတဲ့အချိန်မှာပဲကျွန်တော်လက်တွေရပ်တန့်သွားခဲ့ရတယ် ဘာလိုဆိုကျွန်တော်မျက်စိရှေမှာတွေ့မြင်နေရတဲ့ ကောင်လေးက ကလေးနဲ့အရမ်းတူနေခဲ့လို့

" ဟိုလေအန်ကယ်အဆင်‌ပြေရဲ့လားဗျာ အန်ကယ်ကြည့်ရတာတစ်ခုခုဖြစ်နေသလိုပဲ "

ကောင်လေးကိုကြည်ပြီးကျွန်တော် ပျော်ရမှာလား ၀မ်းနည်ရမှာလားမတွေးတတ်ခဲ့တော့ဘူး ကျွန်တော်ပိုသေချာအောင်သိချင်ခဲ့တယ် ဒါကြောင့်အရှေကကောင်လေးပုခုံးနှစ်ဖက်ကိုယ်ထိန်းကိုင်ပြီးမေးမိခဲ့တယ်

" ကလေး ကိုလေကွာကြည့်ပါအုန်း "

" ဟိုလေ အန်ကယ်လူမှားနေတာဖြစ်မယ်ကျွန်တော်နမည်ကကလေးမဟုတ်ပါဘူး မင်းလေးပါ ။

ဒါဆို ဘာလိုအဲ့လောက်တောင်တူနေရတာလဲ ဒါမှမဟုတ် ကျွန်တော်လိမ်ထားကြတာလား

" အန်ကယ်ကျွန်တော်ကိုခွင်ပြုပါအုန်းနော်အလုပ်နောက်ကျနေမှာဆိုးလို့ "

" ခနလေးပါကွာ "

ကျွန်တော်သူကိုယ်ထွက်မသွားစေချင်ဘူး

" ဟုတ်ကဲ့ "

" ဟိုလေ အန်ကယ်ကြောင့်ဖြစ်သွားတာဆိုတော့ အလုပ်ကိုအန်ကယ်ကားနဲ့လိုက်ပို့ပေးပါရစေ "

" ရပါတယ်ဗျာ ကျွန်တော်‌ခြေထောက်လဲဘာမှဖြစ်တာမှမဟုတ်တာ အခုကြည့်လေကောင်းနေတာကို "

" ဒါပေမဲ့ "

" ကျေးဇူပါဗျာ အခုလိုပြောပေးလို့ သွားလိုက်အုန်းမယ်နော် "

အရှေကနေထွက်သွားတဲ့ကောင်လေးကိုဆက်ဆွဲထားချင်မိခဲ့တယ် လွမ်းနေခဲ့ရတာတွေကိုအတိုးချပြီးတော့ဖက်ထားချင်ခဲ့မိတယ် တကယ်ပါ


..
..
..
..
..
..
..
..


ကျွန်တော်သူအလုပ် လုပ်တဲ့ Coffee ဆိုင်လေးကိုးအမြဲတိုင်းသွားဖြစ်ခဲ့တယ် သူကတော့ကျွန်တော်ကိုသတိတောင်မပြုမိဘူး

အဖြူရောင်တိမ်ဆိုင်ကြိုး Where stories live. Discover now