Episode 1

7K 242 13
                                    

ကျွန်မတိုက်ခန်းသို့ပြန်ရောက်ချိန်တွင် လေးနာရီရှိပြီ ။ဆိုဖာပေါ်သို့ ခေါင်းမှီကာ ထိုင်ချတော့မှဘယ်လောက်ပင်ပန်းနေကြောင်းသတိပြုမိသည်။
မျက်လုံးမှိတ်၍ အသက်ပြင်းပြင်းရှုထုတ်လိုက်သောအခါ တောင့်တင်းနေသောခန္ဓာကိုယ်မှာ ပြေလျော့သွား၏။ ဒီနေ့ ကျွန်မ၏ပထမဆုံး journal reading ပွဲဦးထွက်နေ့ဖြစ်သည်။journal reading ဆိုသည်မှာ နိုင်ငံတကာနောက်ဆုံးပေါ်သုတေသနတွေ့ရှိချက်စာတမ်းတွေကို ကျွန်မတို့ PG(အထူးကုဆရာဝန် ဘွဲ့လွန်)ကျောင်းသားများက တစ်ပတ်တစ်ခါ power point ဖြင့်ခွဲစိတ်ပါမောက္ခဆရာ၊ဆရာမများရှေ့၌ ဖတ်ပြဆွေးနွေးကြခြင်းဖြစ်ပါသည်။ပြီးတော့ ဆရာများက စာမေးပါသည်။မဖြေနိုင်လျှင် ဆူခံရသည်။
ထို့ကြောင့် စာအသေဖတ်ထားရသည်။ကျောင်းသားအချင်းချင်းလည်း အပြန်အလှန်မေးကာ ငြင်းခုန်ဆွေးနွေးကြရသည်။မနေ့ညကပင် ထိုအတွက် ကျွန်မမှာ အစွမ်းကုန်ပြင်ဆင်ခဲ့ရသည်။မဖြေနိုင်သည့်မေးခွန်း သိပ်မရှိ၍ တော်ပါသေးသည်။အထူးသဖြင့် ဆရာဂျေမီမေးသော မေးခွန်းများကို အသေးစိတ်ရှင်းပြကိုးကားပေးနိုင်ခဲ့၍ တော်ပါသည်။မဟုတ်လျှင် ဆရာ့ကို ကျွန်မမျက်နှာပြရဲမည်မဟုတ်ပါ။
green cross သို့သွားရဦးမည်ဖြစ်သောကြောင့် ကမန်းကတန်းထကာ ရေချိုးရသည်။
ရေချိုးခန်းဝင်ပြီးနောက် ညနေစာချက်ပြုတ်ပြီးချိန်တွင် လေးနာရီခွဲပြီ။

"နင့်ကိုငါ မမွေးခဲ့သင့်တာ" ဟူသော အော်သံနှင့်အတူ ဖန်ခွက်ကွဲသံများမှာ ညနေစာစားနေစဥ် ထွက်ပေါ်လာသည်။ အသံမှာကျယ်လောင်လွန်း၍ ဇွန်းခရင်းကိုင်ထားသောလက်များ လေထဲတွင်ရပ်တန့်သွားသည်။ အသံမှာ မျက်နှာချင်းဆိုင်အခန်းမှ လာနေခြင်းဖြစ်၏။

ကျွန်မဒီတိုက်ခန်းရောက်သည်မှာ တစ်ပတ်သာရှိသေး၍ ဤအထပ်ရှိလူများနှင့် မရင်းနှီးပါ။တစ်ယောက်တည်းနေလိုသည့် သဘောကြောင့်လည်းပါသည်။လူများနှင့် သိပ်မရောတတ်သည့် အားနည်းချက်ကျွန်မမှာရှိသည်။ မိန်းကလေးတစ်ယောက် ထိုအခန်းသို့ ဝင်သွားသည်ကိုတော့ ကျွန်မ လေးငါးခါတွေ့ဖူးသည်။ခနနေတော့ အသံများတိတ်သွားသည်။
အခန်းမှထွက်ပြီး အောက်ထပ်ကားပါကင်သို့ဆင်းလာခဲ့သည်။အရှေ့ခန်းရှိတံခါးပိတ်မှာမူ ပိတ်ထားဆဲ။
စနေနှင့် တနဂ်နွေရက်များတွင်ဆရာဂျေမီ
၏လက်ထောက်ဆရာဝန်အဖြစ်ခွဲစိတ်ရသည့် green cross ဆေးရုံနှင့်တိုက်ခန်းမှာ မဝေးလှပေ။ကားဖြင့်ဆိုလျှင် ဆယ့်ငါးမိနစ်လောက်သာ သွားရသည်။တနဂ်နွေနေ့က ကျွန်မနှင့် ကျွန်မ၏ ဆရာဂျေမီနှင့်အတူ ခွဲစိတ်ပေးခဲ့ရသည့် လူနာတစ်ဦးအား လာကြည့်ခြင်းဖြစ်သည်။

To Cathy With LoveWhere stories live. Discover now