Episode 11

1.7K 134 1
                                    

မြနန္ဒာ မွေးဖွား ကြီးပြင်းခဲ့သည့် အိမ် ဟူသောအသိက ကျွန်မစိတ်ကို မလှုပ်ရှားစေဘဲ အံ့သြစရာကောင်းလောက်အောင် ငြိမ်သက်တိတ်ဆိတ်နေစေခဲ့သည်။

ခနခနစိတ်ကောက်တတ်သော သူ့ကိုသူ့အစ်မအကြီးဆုံးမြမာလာကပဲ ချော့ရတတ်သည်ဟု မြနန္ဒာပြောပြဖူးသည်။
ခြံကျယ်ကြီးထဲတွင် ပြေးလွှားဆော့ကစားနေခဲ့ကြမည့် ညီအစ်မသုံးယောက်၏ ချစ်စဖွယ်ကလေးပုံရိပ်များကို ပုံဖော်ကြည့်နေမိသည်။အခုတော့ ခြံကျယ်ကြီးသည် ပန်းပေါင်းစုံဖြင့် လှပနေသလောက် တိတ်ဆိတ်စွာ အထီးကျန်နေပုံရလေသည်။

တီချယ်ဒေါ်မြမာလာသည် သူအားသည့်တစ်ရက်တွင် စာသင်ပေးရန် ကျွန်မတို့တစ်ဖွဲ့အား သူ့အိမ်သို့ခေါ်ခဲ့လေသည်။တီချယ်မြမာလာ၏ မိဘနှစ်ပါးကို ပထမဆုံးမြင်ဖူးသည့်အခါတွင် ညီအစ်မသုံးယောက် သိပ်လှသည့်အကြောင်းအရင်းကို နားလည်သွားတော့သည်။ခေတ်မှီစွာ ဝတ်စားနေထိုင်ကြပြီး အသက်ခြောက်ဆယ်ကျော်သည့်တိုင်အောင် နုပျိုနေကြဆဲ။ကျွန်မတို့ကိုလည်း ဖော်ရွေစွာပြုံးပြလေသည်။

တီချယ်မြမာလာက သူ့စာသင်ခန်းထဲတွင် သင်ပေးပါသည်။
စာသင်နေစဥ် ပိတ်ထားသည့်တံခါး၏ မှန်ပြတင်းပေါက်မှတဆင့် ရိုးတိုးရိတ်တိတ် မြင်လိုက်ရသည်က ပိုင်ပိုင်ရယ်ပါ။ပိုင်ပိုင်ကတော့ ကျွန်မကိုမြင်ပုံမရ။ထိုအကြောင်း ခေါင်းထဲမှထုတ်ပစ်ကာ စာပေါ်တွင်အာရုံပြန်စိုက်ရ၏။
လက်ချာပြီး၍ ပြန်ကြရန် ထကြသောအခါ တီချယ်သည် ကျွန်မကို ခေါ်၍ ကျန်ခဲ့ခိုင်း၏။

"လာ ကေသီ" ဟုပြောပြီး တီချယ်သည် ကျွန်မအား အခန်းတစ်ခုဆီသို့ခေါ်သွားလေသည်။

"ဒါ မြနန္ဒာအခန်းလေ၊ သူဒီကထွက်သွားတုန်းက အတိုင်းပဲထားထားတာ၊ဖေဖေနဲ့မေမေကတော့ အစတုန်းက စိတ်တိုပြီးပစ္စည်းတွေအကုန်လွှင့်ပစ်ခိုင်းတယ်၊ လွှင့်ပစ်လိုက်ပြီလို့ ဖေဖေနဲ့မေမေကိုညာပြီး ၊သူတို့မမြင်အောင် သိမ်းထားခဲ့ရတယ်၊သူတို့စိတ်ပြေလောက်တဲ့အချိန်ကျမှ ပြန်ထည့်ပြီး နေ့တိုင်းသန့်ရှင်းရေးလုပ်ပေးခဲ့တာ အခုထိပဲ"

"စိတ်ပြေသွားပြီ၊ဟုတ်လားတီချယ်၊ဒါဆိုအမွေပြတ်စွန့်လွှတ်တယ်ဆိုတာရော"

To Cathy With LoveWhere stories live. Discover now