ပိုင်ပိုင် ဖျော်လာသည့် သံပုရာရည်ကို တိုက်လိုက်တော့မှ မြနန္ဒာ လန်းလာသည်။မျက်လုံးများကမူ
မပွင့်တပွင့်။"မြနန္ဒာ၊ရှင်ဘယ်ရောက်နေလဲသိရဲ့လား"
မြနန္ဒာ ကျွန်မကို မျက်လုံးမှေးကြည့်သည်။ပြီးတော့ အခန်းထဲပတ်ကြည့်သည်။
"အိမ်"
အသံက တိုးတိုးလေးဖြစ်သည်။
"မေမေ ဘာမှမဖြစ်ဘူးနော်၊ စိတ်ပူလိုက်ရတာမေမေရယ်"
"အို ပိုင်ပိုင်၊လာပါဦး"
ပိုင်ပိုင်က မြနန္ဒာကို လှမ်းဖက်သည်။
"မေမေ ဘာမှမဖြစ်ပါဘူးကွယ်"
ကျွန်မ အခန်းထဲမှ အသာထွက်ခဲ့သည်။ပိုင်ပိုင်၏ ရှိုက်သံများကိုတော့ ကြားတချက်မကြားတချက်။
မရှင်းတာကြာ၍ ကျွန်မအခန်းပင် ဖုန်နည်းနည်းတက်နေလေသည်။မရှင်းချင်တော့၍ အိပ်ယာပေါ်သာ လှဲချမိသည်။အခုအချိန်ဆို farewell လည်းပြီးလောက်ပြီ။ မမဝေဆီဖုန်းဆက်ကာ ကျေးဇူးတင်ကြောင်း အားနာကြောင်းလည်းပြောရသည်။ကျွန်မကြောင့် မမဝေလည်း ၁၉လမ်းရောက်ဖူးသွားသည်။ တကယ်တော့ မြနန္ဒာကြောင့်ပါ။ သူနဲ့ကိုမျိုးဆွေနဲ့က ဘယ်လိုပတ်သက်မှုမျိုးပါလိမ့်။ အခုလိုဖြစ်ရတာ အကြောင်းတစ်ခုခုတော့ ရှိမှာပဲ။ပြန်လာခါနီးမှ ဖုန်းတောင်စက်ပိတ်သွားတာဆိုတော့။
ကျွန်မ အိပ်ပျော်သွားသည်ထင်၏။တံခါးခေါက်သံလိုလို ကြားလိုက်ရ၍ နိုးလာခဲ့သည်။နားထောင်ကြည့်တော့ ထပ်မကြားရတော့။ အခန်တံခါးဖွင့်လိုက်သောအခါ သူ့အခန်းထဲပြန်ဝင်ရန်ဟန်ပြင်နေသော မြနန္ဒာကိုတွေ့ရသည်။
"သြော် ကေသီမအိပ်သေးဘူးလား၊အိပ်နေပြီထင်လို့ထပ်မခေါက်တော့တာ"
"မအိပ်သေးပါဘူး၊လာလေ၊ပိုင်ပိုင်ရော အိပ်နေပြီလား"
"အင်း၊ ပိုင်ပိုင်တော့ အိပ်သွားပြီ"
"ကေသီ အခန်းထဲသိပ်မလာဖြစ်ဘူးထင်တယ်"
မြနန္ဒာသည် ဆိုဖာတွင်ဝင်ထိုင်သည်။ထီမထင်ဟန်နှင့် အရွဲ့တိုက်လိုသည့် မြနန္ဒာမဟုတ်တော့။
YOU ARE READING
To Cathy With Love
General Fictionတစ်သက်နှင့်တစ်ကိုယ်မရောက်ဖူးသည့် အရက်ဘားတစ်ခုတွင် မြနန္ဒာဟူသော အမျိုးသမီးတစ်ဦးကို ကျွန်မ ရှာဖွေနေကြောင်း သူငယ်ချင်းတွေမြင်ခဲ့လျှင် "ကေသီ၊နင်ရူးသွားပြီလား" ဟုအမေးခံရပါလိမ့်မည်။ *** ဇာတ်လမ်းထဲမှာပါတဲ့ အဖြစ်အပျက်၊အကြောင်းအရာနဲ့ ဇာတ်ကောင်တွေကို စာရေးသူ...