လက်ချာပြီးသောအခါ တီချယ်မြမာလာသည် ဖုန်းလာ၍ စကားပြောနေ၏။ဒါလီတို့ကိုရှေ့မှသွားခိုင်းလိုက်ပြီး အခန်းထဲတွင် ကျွန်မကျန်ရစ်ခဲ့သည်။ခနနေသော် တီချယ်ဖုန်းပြော၍ပြီး သွားလေသည်။
ကျွန်မ အားတင်း၍ စကားစရသည်။
"တီချယ်၊ကေသီ့ကြောင့် စာသင်တာအနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်နော်"
တီချယ်ပြုံးလေသည်။ အို တီချယ်ပြုံးတာ မြနန္ဒာနဲ့သိပ်တူတာပဲ။
"မဖြစ်ပါဘူးကွယ်၊စိတ်ထဲထားမနေနဲ့၊အခုပဲဆရာဖုန်းဆက်တယ်၊ဆရာ့အမေဆုံးလို့ ရက်လည်ပြီးမှ ပြန်လာမယ်၊သူ့တပည့်လေးတွေကို တာဝန်ယူပေးပါဦးတဲ့"
"ဟုတ်ကဲ့ တီချယ်"
ကျွန်မမှာ တီချယ်စိတ်မဆိုး၍ ဝမ်းသာမည်ကြံကာရှိသေး ဆရာဂျေမီ၏အမေဆုံးသည်ဆိုတော့ ဝမ်းမသာနိုင်တော့ချေ။" ဒါနဲ့ ကေသီ မြနန္ဒာနဲ့ ရင်းနှီးသလား"
ထင်မှတ်မထားသော မေးခွန်းကြောင့် ကြောင်သွားရသည်။
"ဟုတ်ကဲ့၊ရင်းနှီးပါတယ် တီချယ်၊ အခန်းနီးချင်းတွေပါ၊အလွှာအတူတူပဲ"
စိတ်ကို ပြန်စုစည်းကာ ဖြေလိုက်ပြန်တော့လည်း အထစ်ထစ်အငေါ့ငေါ့။ ဘာမှပြန်မပြောတော့ဘဲ ခေါင်းတစ်ချက်ငြိမ့်ပြီးနောက် နှုတ်ဆက်ကာပြန်သွားလေသည်။
ဆရာ့အမေ၏နာရေးသို့ သွားချင်သော်လည်း တစ်ပတ်သာလိုတော့သည့် စာမေးပွဲကြောင့် မသွားရ။သူငယ်ချင်းများစု၍ အလှူငွေ ကောက်ပြီး ထည့်ပေးလိုက်ကြ၏။
ခွဲစိတ်ဆောင်ပြန်ရောက်သည့်အခါ ကျွန်မမှာ မြနန္ဒာဆီ ဖုန်းခေါ်ရပြန်သည်။မနက်က ကိစ္စအတွက် တောင်းပန်ရဦးမည်။ဖုန်းမကိုင်ချေ။မအားလို့ပဲလား၊စိတ်များဆိုးသွားပြီလား၊စိတ်မကောင်းဖြစ်သွားပြီး တစ်ခုခုများလုပ်လိုက်ရင် ...။အို ဘာတွေ တွေးနေတာလဲကေသီ၊ ဘာလို့အဲ့လောက်စိုးရိမ်နေရတာလဲ၊မြနန္ဒာဟာ ကလေးလေးမှ မဟုတ်ဘဲ။ကိုယ့်အတွေးကို ရှက်မိသဖြင့် ရယ်မိသွားလေသည်။
"ဟော ကေသီ ၊တစ်ယောက်တည်းပဲရယ်မနေနဲ့လေ၊မမလည်းပြောပြဦး၊အတူတူရယ်ရအောင်"
YOU ARE READING
To Cathy With Love
General Fictionတစ်သက်နှင့်တစ်ကိုယ်မရောက်ဖူးသည့် အရက်ဘားတစ်ခုတွင် မြနန္ဒာဟူသော အမျိုးသမီးတစ်ဦးကို ကျွန်မ ရှာဖွေနေကြောင်း သူငယ်ချင်းတွေမြင်ခဲ့လျှင် "ကေသီ၊နင်ရူးသွားပြီလား" ဟုအမေးခံရပါလိမ့်မည်။ *** ဇာတ်လမ်းထဲမှာပါတဲ့ အဖြစ်အပျက်၊အကြောင်းအရာနဲ့ ဇာတ်ကောင်တွေကို စာရေးသူ...