"သန့်ဇင် နင့်ကိုတွေ့ဖို့ချိန်းတာ ဘယ်နှစ်ခေါက်ရှိပြီလဲ"
"နှစ်ခါရှိပြီ ၊သူဒီအနားအလုပ်ကိစ္စနဲ့ရောက်နေလို့တဲ့"
"သွားတွေ့သေးလား"
"မတွေ့ပါဘူး၊ဂျူတီဝင်နေတဲ့အချိန် ထွက်လို့မှမရတာ"
"အားရင်သွားတွေ့ဦးမလို့လား"
"မတွေ့ပါဘူးဟယ်၊သူငါ့ကို ရိုးရိုးသားသားခေါ်တာပါ၊အတင်းခေါ်တာမဟုတ်ပါဘူး"
"ငါဒီဆေးရုံမှာနင်နဲ့အတူတူအလုပ်လုပ်နေတာ သူ သိတယ်မဟုတ်လား"
"သိတယ်လေ"
"တွေ့လား၊ငါ့ကိုပါခေါ်လို့ရသားပဲ၊နင့်တစ်ယောက်တည်းရွေးခေါ်တာ မရိုးသားလို့ပဲ၊ဒီတစ်ခါခေါ်ရင် ငါလိုက်ခဲ့မယ်"
"ကောင်းပါပြီမင်းဝေရယ်၊လိုက်ခဲ့ပါ ၊ဟုတ်ပြီလား"
သူ ဘာလို့အဲ့လောက်စိုးရိမ်နေလဲ ကျွန်မ မသိတော့ပါ။
နောက်တစ်ကြိမ် သန့်ဇင် ဖုန်းဆက်လာသည့်အခါတွင် တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ အားနေသည်။ပိုပြီးတိုက်ဆိုင်တာက မင်းဝေလည်းဂျူတီမရှိချေ။ကျွန်မ မင်းဝေကို ဖုန်းလှမ်းဆက်၍ ခေါ်လိုက်သည်။
"ငါအခုလာခဲ့မယ်၊စောင့်နေ၊တစ်ယောက်တည်းမသွားနဲ့နော်၊အဲ့သန့်ဇင်ကလည်း သူ့ Company ဒီနားရွှေ့ထားသလားပဲ၊လာပဲလာနိုင်လွန်းတယ်"
သန့်ဇင်နဲ့တွေ့ပြီး အပြန်တွင် မင်းဝေသည် ကျွန်မကို စကားစလေသည်။
"ကေသီ၊ နင် Toilet သွားနေတုန်း ၊သန့်ဇင် ငါ့ကို ဘာမေးတယ်ထင်လဲ"
"ဘာတွေမေးလဲ"
"နင့်မှာ ချစ်သူရှိလားတဲ့"
"အဲ့တော့၊ နင်ကဘယ်လိုပြန်ဖြေလိုက်လဲ"
"ရှိတယ်လို့ဖြေလိုက်တယ်"
"ဟောတော့်"
"ဘယ်သူလဲ ၊ဘယ်ကလဲ ထပ်မေးနေတာနဲ့၊နင့်ကိုသာမေးကြည့်လိုက်လို့ပြောလိုက်တယ်"
"အဲဒါကြောင့် သန့်ဇင်မျက်နှာမကောင်းပါလားလို့တွေးနေတာ၊ပြောခဲ့တာတော့ ဟုတ်ပါပြီ၊ဟိုကမေးလာရင် ငါက ဘယ်လိုဖြေလိုက်ရမှာတုန်း"
YOU ARE READING
To Cathy With Love
General Fictionတစ်သက်နှင့်တစ်ကိုယ်မရောက်ဖူးသည့် အရက်ဘားတစ်ခုတွင် မြနန္ဒာဟူသော အမျိုးသမီးတစ်ဦးကို ကျွန်မ ရှာဖွေနေကြောင်း သူငယ်ချင်းတွေမြင်ခဲ့လျှင် "ကေသီ၊နင်ရူးသွားပြီလား" ဟုအမေးခံရပါလိမ့်မည်။ *** ဇာတ်လမ်းထဲမှာပါတဲ့ အဖြစ်အပျက်၊အကြောင်းအရာနဲ့ ဇာတ်ကောင်တွေကို စာရေးသူ...