~01~

555 59 0
                                    

Seoul မြို့ရဲ့ အချက်အချာကျတဲ့နေရာမဟုတ်ဘဲ
လူသွားလာနည်းသောနေရာတစ်ခု
အိမ်ရာတွေအရမ်းများများစားစားမရှိပေမဲ့ လူတွေတော့
နေကြသည် မြို့ထဲလိုတော့မစည်ကားပေ
အချို့အချို့တွေကတော့ ဆင်းရဲတာတွေ ရှိတယ်
နယ်ဘက်တွေကနေလာနေတဲ့လူတွေလည်းရှိတယ်
အကြောင်းအမျိုးမျိုးကြောင့်နေနေရတဲ့လူတွေရှိပေမဲ့
ထူးခြားတာတစ်ခုက တော့...
လူချမ်းသာတစ်ယောက်က ဆင်ခြေဖုံးရပ်ကွက်မှာနေတယ်ဆိုတာ
ပဲ**

အဲ့လူကြီးက မိသားစုလည်းရှိတယ်
သူတို့မိသားစုကအေးဆေးပြီးလူတွေနဲ့အရောတဝင်မနေတတ်ဘူး
အထူးသဖြင့် ထိုလူကြီးပေါ့
သူမှာနာကျည်းစရာအတိတ်ဇာတ်လမ်းရှိတယ်လို့လဲ ကြားဖူးကြတယ်
လူတွေကလဲ တစ်ယောက်တစ်ပေါက်ပြောနေကြတယ်
ထိုလူကြီးက ဂရုမစိုက်ဘူး
ဘာလို့လဲ??

----

အိမ်လေးဟာ ထမင်းစားခန်းကျဉ်းကျဉ်း
အိပ်ခန်းကျဉ်းကျဉ်း လေးကလွဲလို့ အချို့နေရာတွေမှာ
ဖုန်တွေရှိတယ် ထိုလူကြီးဘယ်လိုနေလဲဆိုတာတော့ယုံနိုင်မှာ
မဟုတ်ဘူး~
အဲ့အိမ်ထဲမှာ စတိုခန်း လို့ပဲခေါ်ရမလား
ပစ္စည်းဟောင်းတွေစုထားတဲ့ အခန်းကျဉ်းလေးလည်းရှိသေး
နေ့တိုင်းလိုလို ထိုလူကြီးက ထိုအခန်းထဲက Diary စာအုပ်တစ်အုပ်ကို
ထုတ်ဖတ်နေတတ်တယ်... မျက်နှာမှာတော့ ဝမ်းသာတဲ့အရိပ်အယောင်
လည်းမရှိ ဝမ်းနည်းသောအမူအရာလည်းမတွေ့
ခံစားချက်မဲ့တဲ့လူသားကြီးလား?

°°°°°°°°

ထိုလူကြီးရဲ့ နိစ္စဓူဝ လုပ်နေကျကတော့ ထိုအခန်းထဲဝင်ပြီး
ပစ္စည်းဟောင်းတွေရှာ... Diary စာအုပ်ဖတ်လိုက်နဲ့ ဟုတ်နေတော့
တာပါပဲ...

ဒီနေ့လည်း ထုံးစံတိုင်းပေါ့...

" အင်းးးး"

ထိုလူကြီးဆီမှ အသံတစ်သံထွက်လာသည် အသံနဲ့အတူ အပြုံးတစ်ခု
ပါ ဒွန်တွဲလျက်
သူကြည့်နေတဲ့အရာတစ်ခုကြောင့်ပင်
မီးကျွမ်းထားတဲ့ဓာတ်ပုံတစ်ပုံ
ထိုပုံကမီးကျွမ်းထားတော့ ဘာပုံမှန်းသေချာမသိ
ထိုလူကြီးကတော့ရင်းရင်းနှီးနှီးသိပုံပေါ်သည်
သူ့အပြုံးတွေကလည်း ထိုပုံထဲကလူကြောင့်ပဲဖြစ်မည်
ဓာတ်ပုံထဲကလူက ယောက်ျားလေးတစ်ယောက်ဆိုတာတော့အသေအချာပင်...

}Once upon a time{Hikayelerin yaşadığı yer. Şimdi keşfedin