🌼အမုန်း၏အဆုံး၌🌼
{အပိုင်း၉}
အခန်းရှေ့မှာ ဦးစောင့်နေတာသိပေမယ့် အနွံမထွက်ချင်တော့ပေ။စိတ်ထဲမှာလဲ ဝမ်းနည်းတာရော ဒေါသဖြစ်တာရောက ရောထွေးနေသည်။
အနွံ ဇီဇဝါဆိုသည့်မိန်းမကို သတ်ပစ်ချင်လောက်တဲ့အထိမုန်းတီးမိသည်။ အရင်ကထက်ပင် အဆပေါင်းများစွာပိုမုန်းတီးလာမိသည်။ ထိုမိန်းမကိုအခုတွေ့ရင် အနွံစိတ်မထိန်းနိုင်ပဲသတ်ပစ်မိမှာအသေအချာပင်။
ဇီဇဝါကြောင့်အနွံ့ဘဝအခုလိုဖြစ်ခဲ့ရတာ။
ဇီဇဝါ့ကြောင့် မမသေဆုံးခဲ့ရတာ။
ဖြူစင်လွန်းတဲ့မမ သဘောကောင်းလွန်းတဲ့မမ လူချစ်လူခင်ပေါတဲ့မမဟာ အယုတ်တမာမရဲ့ မနာလိုဖြစ်ကြောင့် ဘဝပျက်ခဲ့ရသလို အသက်ပါသေဆုံးခဲ့ရသည်အထိဖြစ်ခဲ့ရသည်။မမခံစားရသည့်နာကျင်မှု့နဲ့ထပ်တူနာကျင်မှု့ကို ထိုမိန်းမတန်ပြန်ခံစားရအောင်အနွံလုပ်မယ်။မမနာကျင်သလောက် သူလဲပြန်နာကျင်စေရမည်။မမငိုရသလောက် သူလဲငိုရမည်။ အနွံကအဲ့မိန်းမကို ရူးသွပ်သွားတဲ့အထိ ပြန်နှိပ်စက်ပစ်မယ်။ ဒါဟာအနွံ့ရင်ထဒကလာတဲ့ အမုန်းတရားရဲ့အငြိုးပဲ။
>>>>>
"အနွံ...ငါနဲ့ခဏလောက်စကားပြောကျရအောင် တံခါးဖွင့်ပါအုံး..."
ကိုစစ်သွေးကအနွံ့တံခါးကိုခေါက်၍ ပြောလာ၏ အနွံ ဂရုမစိုက်ပဲ အနွံ့အဝတ်စားများကို အကုန်သိမ်းထည့်နေသည်။ အနွံ ဒီမှာလဲမနေချင်တော့ပါ။ထို့ကြောင့်အနွံထွက်သွားရန်ဆုံးဖြတ်ချက်ချလိုက်ခြင်းပင်။
"အနွံ...အနွံ တံခါးဖွင့်ပါအုံး ငါတို့သေချာအောင်လုပ်ရမယ်မဟုတ်လား အခုလိုမျိုးရှောင်နေလို့ပြီးမသွားဘူးလေ အကယ်၍ငါသာမမအပေါ်မှားခဲ့ရင် အခုကိုလက်ရာဆီမှာရောက်နေတဲ့ကလေးက ငါ့ကလေးဖြစ်နိုင်တာပဲမဟုတ်ဘူးလား"
"ဟင်!!.."
ကိုစစ်သွေးစကားကြောင့် အဝတ်များသိမ်းနေသည့်အနွံ့လက်များဟာ အလိုလိုရပ်တန့်သွားရသည်။
ဟုတ်တာပဲ အနွံ့တူလေးကိုတော့ သူ့အဖေကဘယ်သူဆိုတာသိအောင်လုပ်ရအုံးမည်လေ။ မဟုတ်ရင် တူလေးက သူ့အဖေအရင်းဘယ်သူဆိုတာမသိရပဲကြီးပြင်းလာတော့မှာ တူလေးကိုတော့အဲ့လိုအဖြစ်မခံနိုင်ပေ။