🌼အမုန်း၏အဆုံး၌🌼
{အပိုင်း၁၄}
"သား သေချာကြည့်ပါအုံး သူကသားရဲ့ဇနီးလေ"
"သူကကျွန်တော့်ဇနီးဟုတ်လား"
"မောင်...မောင်သတိရလာပြီနော် အဟင့်ဟင့်"
ဇီဇဝါခပ်ချွဲချွဲအသံဖြင့် ရှိုက်ငိုကာ မောင့်ရင်ခွင်ထဲခိုဝင်လိုက်သည်။
"ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်ဘာမှမမှတ်မိဘူး"
"အို တောင်းပန်စရာမလိုပါဘူးမောင်ရယ် အရမ်းကြီးမစဥ်းစားနဲ့နော် မောင်ခေါင်းကိုက်မယ်"
ကျွီ....ဒုန်း
အား ကျစ်!!
"ဟင် မောင် ရရဲ့လား"
မျက်လုံးထဲပေါ်လာသည့်ကားအက်ဆီဒင့်တစ်ခုကြောင့် သူခေါင်းများထိုးကိုက်လာသည်။
"ခေါင်းကိုက်တယ်..."
"သား ခဏလှဲနေနော် ဘာမှမစဥ်းစားနဲ့ ခဏအနားယူလိုက်အုံး ဇီဇဝါ သားကိုခဏအနားပေးလိုက်ပါအုံး လာ..."
ဒေါ်ထိပ်ထားမေကမျက်စပစ်၍အပြင်သို့ထွက်ရန်ပြောလိုက်သည်ကြောင့် ဇီဇဝါ မောင့်ကိုဖက်ထားရာမှဖယ်ရှားလိုက်ရသည်။
အိပ်ယာထက်လှဲလျောင်းလိုက်ရင်း မျက်လုံးထဲဖြတ်ခနဲဝင်ရောက်လာသည့် မျက်နှာလေးတစ်ခု....ထိုမျက်နှာလေးဟာ သူသတိရရခြင်း သူ့လက်ကိုဆုပ်ကိုင်လျှက်ဝမ်းနည်းစွာငိုကြွေးနေသည့် ကောင်မလေးရဲ့မျက်နှာလေး...
သူသတိရလာတော့သူ့အားအံ့သြတကြီးငေးကြည့်နေသည့်အပြစ်ကင်းစင်သောမျက်နှာလေး။သူ့ကိုစိတ်ပူနေူည့်မျက်နှာလေး။ ဘယ်သူလဲဆိုသည့်မေးခွန်းကြောင့် မျက်ရည်စတို့ပိုးပိုးပေါက်ပေါက်စီးကျလျှက် ပြေးထွက်သွားသည့်ကောင်မလေးဟာ ဘယ်သူလဲ။
သူမလေးမျက်ရည်များကိုမြင်လိုက်ရချိန်သူဘာကြောင့်အလိုလိုဝမ်းနည်းလာရတာလဲ။သူ့ရင်ဘက်ထဲကနှလုံးသားလေးဟာ ဘာကြောင့်အဆက်မပြက်ခုန်နေရတာလဲ။တွေ့လိုက်ရတဲ့အချိန်ခဏလေးမှာ ဘာကြောင့်များသူမလေးကိုမေ့မရတာလဲ။
သူမဟာဘယ်သူလဲ???....
သူ့အခန်းထဲမှဝမ်းနည်းစွာပြေးထွက်သွားသည့်သူမကျောပြင်လေးကိုသူငေးကြည့်ကျန်ခဲ့ရင်း သူကိုယ်တိုင်ဝမ်းနည်းကာ အထီးကျန်သွားမိတာဟာ ဘာကြောင့်လဲ။