🌼အမုန်း၏အဆုံး၌🌼
{အခန်း၅}
"မောင်...ဒါကဘယ်သူလဲ"
အနွံ့ကိုကြည့်၍ မကြည်ဖြူသလိုပုံမျိုးဖြင့် မေးငေါ့၍မေးလာသည့် ဇီဇဝါ့ကို လက်ရာဂရုမစိုက်ပေ။
"ကဲ...အနွံ မိုးချုပ်နေပြီ နားလိုက်အုံး မနက်ကျမှ ကိုယ်ဆိုင်ကိုပြန်လိုက်ပို့ပေးမယ်"
အနွံ ဇီဇဝါ့ဘက်သို့တစ်ချက်ကြည့်ကာ နှုတ်ခမ်းကိုမဲ့၍ အသာပြုံးလိုက်ပြီး ဦးလက်ရာမြေဘက်သို့လှည့်ကာ
"ဟုတ်...ကျေးဇူးတင်ပါတယ် ဦးရာ...ဒါဆိုအနွံနားလိုက်အုံးမယ်"
တမင်ကို ဇီဇဝါ့ရှေ့မှာပင် ဦးလက်ရာမြေကို ဦးရာဟုခေါ်ကာ ချိုချိုသာသာပြုံးပြလိုက်ကာ နှုတ်ဆက်လိုက်သည်။ ဇီဇဝါ့မျက်နှာဟာ ဒေါသကြောင့် အတော်ပင်နီမြန်းနေပေမယ့် ဒေါသကိုထိန်းထားပုံရသည်။
"ဒါကဘာသဘောလဲမောင်..."
သူ့ဘက်သို့လှည့်ကာမေးလာသည့်ဇီဇဝါ့အမေးကို သူမဖြေချင်တာကြောင့် အပေါ်သို့တက်ရန်ပြင်လိုက်သည်
"မနက်ကပဲကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးတယ် အခုပဲ ဘယ်ကမှန်းမသိတဲ့မိန်းကလေးတစ်ယောက်ကို အိမ်ကိုခေါ်လာတယ် ဘာလဲ ဒီမိန်းကလေးကြောင့် ဇီဇဝါ့ကို ကွာရှင်းတာလား"
"ကျစ်!!...အဓိပ္ပာယ်မရှိတဲ့စကားတွေလာမပြောနဲ့ဇီဇဝါ...မင်းနဲ့ငါကမနက်ကပဲကွာရှင်းထားပြီးပြီမို့ ငါတို့ကလဲသူစိမ်းတွေဖြစ်သွားပြီ ဒါကြောင့် ငါ့ကိစ္စမှာမင်းဘာမှဝင်ပါစရာကိုမလ်ုဘူး"
"ဟင့်အင်း...ပါရမယ်မောင် ပါရမယ် ဇီဇဝါနဲ့ မောင်ဟာအခုချိန်ထိ လူသိရှင်ကြားလက်ထပ်ထားတဲ့ တရားဝင်လင်မယားတွေပဲ..ဇီဇဝါ့ဘက်က လက်မှတ်မထိုးရသေးသရွေ့ ကွာရှင်းတာကတရားဝင်မဖြစ်သေးဘူးဆိုတာ မောင်မမေ့ပါနဲ့"
"ဘာ!!...မင်းအခုထိလက်မှတ်မထိုးရသေးဘူးဟုတ်လား မင်းကိုမနက်ကတည်းကငါစကားအကုန်ပြောပြီးပြီထင်တယ်"
ဇီဇဝါ မောင့်ကိုတစ်ချက်ကြည့်လိုက်ကာ နှုတ်ခမ်းအစုံကိုမဲ့လိုက်၏ တစ်ချက်ခုက်နှစ်ချက်ပြက်ဆိုသလို ဇီဇဝါကွာရှင်းစာချုပ်မှာလက်မှတ်မထိုးဖို့အတွက် အခုခေါ်လာသည့်မိန်းကလေးကိုအသုံးချကာ အခွင့်အရေးကိုအမိအရဆုပ်ကိုင်ရမည်။