🌼အမုန်း၏အဆုံး၌🌼
{အပိုင်း၁၅}
"ဦး...."
နားထောင်ကောင်းသည့်အသံချိုချိုလေးကသူ့နားထဲတိုးဝင်လာကာ သူ့ဆီတစ်ရွေ့ရွေ့လျှောက်လာနေသော ကောင်မလေး။
မျက်ဝန်းလေးများဟာမျက်ရည်စများတွဲခိုကာ ပြိုကျတော့မည့်မိုးနှယ်။
"ဦး အနွံလေဦးရဲ့...."
သူ့ကိုယ်သူပြောနေသည့်ကောင်မလေးအား သူသနားဂရုဏာသက်စွာဖြင့်ငေးကြည့်နေမိသည်။ငေးကြည့်နေသည့်သူ့မျက်နှာအား သူမလက်လေးများဖြင့်ခပ်ဖွဖွလာထိလေတော့ သူ့ရင်ခုန်သံတွေဟာတားဆီးမရစွာခုန်ပေါက်နေတော့သည်။
"အနွံ့ကိုတစ်ကယ်ပဲမေ့သွားတာလားဟင်"
သူမရဲ့အမေးကြောင့်သူဘာပြန်ဖြေရမည်ဆိုတာမသိတော့ပါ။
"မောင်...."
ဇီဇဝါရုတ်တရက်ရောက်လာ၍ သူ့မျက်နှာအားထိကိုင်ထားသည့်ကောင်မလေးကို အလိုမကျစွာဖြင့်ကြည့်နေသည်။
"နင်ကဘာလာလုပ်ပြန်တာလဲ အနွံတာ ဘာလဲမောင့်ကိုအခုလိုထိလုပ်ပြီးတာတောင် နင်ကမကျေနပ်နိုင်သေးဘူးလား ဟမ်"
ဦးမျက်နှာအားထိကိုက်ထားသည့်အနွံ့လက်ကိုဆွဲယူဖယ်ရှားကာ ခပ်ကြမ်းကြမ်းဆုက်ကိုင်ထားသည်။
"ဘာတွေလာပြောနေတာလဲမဇီဇဝါ ဦးကိုအခုလိုဖြစ်အောင်လုပ်ခဲ့တာက ရှင်မဟုတ်ဘူးလား"
"ဘာ နင်ဘာစကားပြောတယ်အနွံတာ နေပါအုံး နင်ကစကားပြောနိုင်ပြီဟုတ်လား"
ဇီဇဝါမျက်နှာဟာအနည်းငယ်ထိပ်လန့်နေသည်။
"ဘာလဲမဇီဇဝါ အနွံကအမှန်တရားတွေအားလုံးကိုပြောပြမှာကြောက်နေတာလား"
"ကျစ်!!...နင်ပါးစပ်ကိုပိတ်ထားပြီး နင်ထွက်သွားတော့ နင်ဒီလောက်နဲ့တော်ပါတော့အနွံတာ ငါတို့ဘာတွေဆက်ပြီးပေးဆပ်ရအုံးမှာလဲ အခုကားအက်ဆီဒင့်ဖြစ်ခဲ့တာက နင့်ကြောင့်လေ"
ဇီဇဝါကအမှန်တရားကိုပြောင်းပြန်လှန်ကာ အနွံ့ကိုအပြစ်ပုံချဖို့ကြိုးစားနေသည်။