🌼အမုန်း၏အဆုံး၌🌼
{အပိုင်း၄}
ဒေါသကိုမထိန်းနိုင်တော့၍ ပြောလိုက်သည့်အနွံ့စကားကြောင့် မမမြနှစ်အပါအဝင် ဦးလက်ရာမြေပါ အံ့သြမှင်သက်သွားရသည်။
"ဘာဖြစ်တယ်...မင်းက အတာနဲ့.."
"ဟုတ်တယ် ကျွန်မကအတာကူးရဲ့ညီမပဲ...ရှင့်ကြောင့် ရှင့်ကြောင့်မို့ ကျွန်မအမသေရတာ အယုတ်တမာကြီးရဲ့"
"ဘာ!...အင့်"
စိတ်မထိန်းနိုင်စွာဖြင့် အနွံဒေါသတကြီး သူ့ရင်ဘက်အား ကက်ကြေးဖြင့်ထိုးထည့်ပစ်လိုက်၏ ချွန်နေသောကက်ကြေးဟာ သူ့ရင်ဘက်ကိုအနည်းငယ်ခြစ်မိသွားကာ သွေးများစီးကျလာ၏
"အတာ...အတာက တစ်ကယ်ပဲ ဆုံးပြီဟုတ်လား"
သူ့ရင်ဘက်မှာနာကျင်နေသည့်ဒဏ်ရာကိုစိတ်မဝင်စားပဲ အတာ့အကြောင်းကိုသာမေးလိုက်မိသည်။ ဖြူဖြူဖွေးဖွေးပါးဖောင်းဖောင်းနဲ့ချစ်စရာကောင်မလေးဟာ သူ့ကိုဝါးစားမတက်စူးရဲစွာစိုက်ကြည့်နေသည်။ မျက်ဝန်းများကမျက်ရည်ဥများတွဲခိုနေကာ မျက်တောင်တစ်ချက်ခက်ရင်ပင် မျက်ရည်ဥများက ပြိုကျတော့မည့်ပုံပင်။
"ရှင်ကဘာတွေမသိချင်ယောင်လာဆောင်နေတာလဲ ဦးလက်ရာမြေ ရှင့်ကြောင့် မမဘယ်လောက်ထိခံစားခဲ့ရလဲသိရဲ့လား အင့်...အဟင့် ဟင့် အီးဟီးဟီး မမသေရတာ ရှင့်ကြောင့် ရှင့်ကြောင့်"
"အတာသေရတာဘာလို့ငါ့ကြောင့်ဖြစ်ရမှာလဲ မင်းဘာတွေပြောနေတာလဲ အတာကဘာလို့သေရတာလဲ သူသေရတဲ့အကြောင်းရင်းကဘာလဲ"
လက်ရာကိုယ်တိုင်လဲ သူ့ကိုစွပ်စွပ်စွဲစွဲပြောကာရန်မူနေသည့် ကောင်မလေးကြောင့် လေသံကိုမာကာပြောလိုက်သည်။ သူမက သူ့အားစူးရဲစွာစိုက်ကြည့်နေပြီးမှ အောက်နှုတ်ခမ်းကိုခပ်နာနာဖိကိုက်လျှက် လှည့်ထွက်သွားရန်ပြင်၏
အင့်....
လက်မောင်းမှပြန်ဆွဲခံလိုက်သဖြင့် သူ့ရင်ခွင်ထက်ပြိုကျလာကာ သူနှင့်အနီးဆုံးဖြစ်သွား၏
"မင်းတစ်ခုခုဖြေလေ ခုနကတော့ မင်းငါ့ကိုရန်တွေ့နေပြီးတော့ အခုဖြေလေ ငါမင်းရှေ့မှာရောက်နေပြီ မင်းဖြေ..."