🌼အမုန်း၏အဆုံး၌🌼
{အပိုင်း၁၇}
သူ့အားဖက်ထားသည့်လက်ကိုလွှတ်ချလိုက်သည်ကြောင့် ကပျာကယာပြန်ဆွဲလိုက်မိသည်။
"ကိုယ်ပြောတာဆုံးအောင်နားထောင်ပါအုံး"
မျက်ရည်များဖြင့် ဦးကိုမော့ကြည့်မိတော့ အနွံ့အား ချိုမြိန်စွာဖြင့်ပြုံးပြနေသည့် ဦးနှုတ်ခမ်းတစ်စုံ...
"အနွံဘဝလေးကို ကိုယ်ပျော်စေချင်တယ် ကိုယ့်ကြောင့်အနွံ့ကိုမထိခိုက်စေချင်ဘူး ပထမတစ်ခါကိုယ့်ကြောင့် အနွံ့ကိုနာကျင်စေခဲ့ရပြီးပြီ..နောက်ထပ် အနွံ့ကိုမနာကျင်စေချင်တော့ဘူး အနွံ့ကိုပျော်စေချင်တာမို့ အနွံ့ဘဝကိုပျော်အောင်နေပါနော်...."
"အနွံ့မှာပျော်စရာဆိုတာဘယ်တော့မှရှိလာတော့မှာမဟုတ်ပါဘူး အနွံကတစ်ကောင်ကြွက် အနွံ့မှာ မမကောမရှိတော့ဘူး တူလေးကောမရှိတော့ဘူး"
"မဟုတ်ပါဘူးအနွံရယ် သားလေး...သားလေးက အသက်ရှင်လျှက်ရှိနေပါသေးတယ်"
"ဟင်!!..."
ဦးရဲ့စကားကြောင့် အံ့သြမှင်သက်မိသွားသူကအနွံပင်။
"သားလေးကအခုချိန်ထိသတိမရသေးတဲ့အခြေနေဆိုပေမယ့် မျှော်လင့်ချက်တော့ရှိသေးတယ်လေ..."
"ဦး...မနောက်ပါနဲ့ တူလေးကဘယ်လိုလုပ်ပြီး.."
"ကိုယ်မနောက်ပါဘူး ကိုယ်အမှန်တွေပြောနေတာ သားလေးကို ဘယ်သူမှမသိတဲ့နေရာမှာ ကိုယ်စောင့်ရှောက်ထားတယ်"
"ဟင်!!.."
"အဒ့တာကြောင့် ကိုယ်ပြောတာယုံကြည်ပြီး သားလေးသတိရလာမယ့်အချိန်ထိအနွံကစောင့်ရှောက်ထားပေးပါနော် ပြီးတော့အနွံပျော်ပျော်နေပြီး အနွံဝါသနာပါတဲ့အလုပ်ကိုလုပ်ပါ...ကိုယ်ကတိပေးတယ် ဇီဇဝါ့ကိုထိုက်တန်တဲ့အပြစ်ပေးပြီးတာနဲ့ ကိုယ်အနွံနဲ့သားလေးကိုအမြန်ဆုံးလာခေါ်ပါ့မယ် အနွံဒီမှာနေတာ အန္တရာယ်များတာမို့ ခဏလောက်ကိုယ့်အနားကထွက်သွားပါနော်"
"ဦး...ဦးရယ် အဟင့်ဟင့်..."
အနားမှာဘယ်သူမှမရှိတော့ဘူးဟုထင်ထားမိချိန်မှာ ချစ်မိသည့်လူတစ်ယောက်ကအနားမှာရှိနေပေးလေတော့ အနွံစိတ်သက်သာရာရလာရသည်။