🌼အမုန်း၏အဆုံး၌🌼
{အပိုင်း၂၀}
မြို့ထဲထိ ကားကိုမောင်းလာလျှင်သူမပြန်အဖမ်းခံရနိုင်ချေရှိတာမို့ မြို့ပြင်တွင်သာကားကိုထားခဲ့၍အပြေးတစ်ပိုင်းဖြင့် သူမမနားတမ်းပြေးလာခဲ့လေသည်။
ပြန်ဖမ်းမိသွားလို့မဖြစ်ပါ မည်မျှပင်မောနေပါစေ သူမလဲကျလို့မဖြစ်။ နဖူးမှချွေးစေးများစီးကျလျှက် လမ်းမကြီးအတိုင်း အဆက်မပြက်ပြေးနေမိသည်။မြို့ပြင်ဖြစ်တာမို့ လူသွားလူလာအရမ်းကျဲလေသည်။ ထို့ကြောင့် လူတစ်ယောက်ကိုမျှမတွေ့ရပေ။
နှစ်ပေါင်းများစွာချည်နှောင်ခံထားရသည့်သံကြိုးကြောင့် ခြေကျင်းဝတ်၌နာကျင်နေ၍လား ဒါမှမဟုတ်အသက်ရလာ၍လားမသိ ကြာကြာမပြေးနိုင်တော့ပေ။ လဲကျ၍မဖြစ်ဘူးဟုစိတ်ကတင်းခံထားသော်လဲ တစ်ဖြည်းဖြည်းမောဟိုက်လာကာ မြေပြင်ပေါ်သို့ ဝုန်းခနဲလဲကျသွားလေတော့သည်။
*ငါ့သားဆီငါသွားရမယ်...သားလေးနဲ့တွေ့မှငါ့အတွက်အဆင်ပြေမယ် ငါပြန်ထရမယ်*
ကိုယ့်ကိုယ်ကိုသတိပေးရင်းလဲကျနေရာမှပြန်ထဖြစ်သည်။ထို့နောက် မပြေးသေးပဲခပ်မြန်မြန်သာ လျှောက်နေမိသည်။မြို့ထဲသို့သွားမည့်ကားတစ်စီးကိုတွေ့လိုက်ရသည်ကြောင့် သူမတားလိုက်ပေမယ့် ထိုကားဟာရပ်မပေးပေ။နာကျင်နေသည့်ခြေထောက်ကိုအားတင်းလျှောက်လာခဲ့ရင်း နောက်ထပ်ကားတစ်စီးကိုထပ်တားလိုက်သည်။
ကျွီ....
ထိုကားကတန်းရပ်ပေးသည်ကြောင့် သူမပျော်သွားရသည်။
"ကျွန်မကိုမြို့ထဲခေါ်သွားပေးပါ....."
အသက်သုံးဆယ်ဝန်းကျင်သာရှိအုံးမည့် ကားမောင်းသည့်လူငယ်က ဒေါ်ထိပ်ထားမေကိုသေချာကြည့်နေပြီး
"ဘာဖြစ်လာတာလဲအန်တီ..."
"ကျေးဇူးပြုပြီးမြို့ထဲခေါ်သွားပေးပါ ကျွန်မဒုက္ခရောက်လာလို့ပါ"
"လာလာအန်တီကားပေါ်တက် ဘယ်သွားမှာလဲ ကျွန်တော်လိုက်ပို့ပေးပါ့မယ်"
ထိုလူငယ်ကသနားဂရုဏာသက်စွာကြည့်ပြီးကားပေါ်တက်ရန်ပြောလိုက်သည်မို့ အလျှင်အမြန်ပင်ကားပေါ်တက်လိုက်သည်။