🌼အမုန်း၏အဆုံး၌🌼
{အပိုင်း၇}
"မမ မေးမလို့ သူကဘယ်သူလဲပြောပါအုံး"
မျက်နှာပိုးကိုမသပ်ပဲ စပ်ဖြဲဖြဲမျက်နှာဖြင့် ခပ်လှမ်းလှမ်းမှာရှိနေသည့် အနွံ့ကိုမျက်စပစ်မေးငေါ့ပြကာမေးနေသည့် မောင်ဖြစ်သူအား စိတ်ဆိုးမာန်ဆိုးကြည့်လိုက်သည်။
"ကဲဟာ...ကဲဟာ ကိုယ့်အမကိုကျဘာမှမမေးပဲ လုပ်ချင်ရာလုပ် ပြောချင်ရာတွေပြောနေတာ"
"အား မမ နာတယ်ဗျ...လွှတ် လွှတ်တော့ အာ့"
မမလိမ်ဆွဲထားသည့်ဗိုက်တင်းကြောကြောင့် စစ်သွေးမျက်နှာတစ်ခုလုံးဟာရှုံ့မဲ့နေ၏
မမဒေါသထွက်မယ်ဆိုလဲထွက်ချင်စရာပဲမို့ သူရီ၍သာနေလိုက်သည်။ သူကလဲသူပါပဲလေ မမကိုအချိန်အကြာကြီးအဆက်သွယ်မလုပ်ပဲပစ်ထားခဲ့တာကိုး....
"ကဲပြော ဘာလို့အချိန်အကြာကြီးအဆက်သွယ်ဖြတ်ထားရတာလဲ ဒီအတောတွင်းကောဘယ်ရောက်နေလဲ ဘာတွေလုပ်နေခဲ့လဲ"
မမရဲ့အတည်ပေါက်စကားကြောင့် စစ်သွေးမျက်နှာဟာလဲတည်သွားရ၏ မမကိုစူးစိုက်ကြည့်လိုက်ရင်း သူ၏မျက်ဝန်းများကဝမ်းနည်းရိပ်များသန်းလာသည်
"မမလဲသိပါတယ်ကျွန်တော်ဘာကြောင့်အခုလိုမျိုးထွက်သွားရတယ်ဆိုတာ ကျွန်တော့်အပြစ်ကြောင့်သာမဟုတ်ရင်..."
"တော်တော့စစ်သွေး ဆက်မပြောနဲ့တော့ရပြီ အခုမင်းပြန်လာပြီပဲ အဆင်ပြေပြီ"
အနွံကခပ်လှမ်းလှမ်းမှာရှိနေသည်ကြောင့်မြနှစ် စစ်သွေးစကားတို့ကိုအမြန်တားလိုက်ရသည်။
"မမ...သူ အဆင်ပြေရဲ့လားဟင်"
စစ်သွေးစကားကြောင့်မြနှစ်မျက်နှာပျက်သွား၏
"ခဏနားတော့လေ အပေါ်ထပ် ထပ်ခိုးမှာအခန်းလွတ်ရှိတယ် လောလောဆယ် မမအခန်းထဲနေလိုက် မမထပ်ခိုးကိုအရင်ရှင်းလိုက်မယ်"
မမမြနှစ်ကစကားလမ်းကြောင်းလွှဲသွားသည်ကြောင့် သူသက်ပြင်းခပ်လေးလေးကိုချလိုက်၏
"မမ ဘာလို့စကားလမ်းကြောင်းလွှဲရတာလဲ ကျွန်တော်မေးတာက"
"သူအိမ်ထောင်ကျသွားပြီ မင်းအဲ့သတင်းကြားရင် ခံစားရမှာစိုးလို့စကားလမ်းကြောင်းလွှဲလိုက်တာ"