🌼အမုန်း၏အဆုံး၌🌼
{အပိုင်း၁၀}
"ဟင့်အင်း ဖယ်..."
နမ်းရှိုက်နေရာမှသတိဝင်လာချိန် သူ့ရင်ဘက်ကိုတွန်းထုတ်၍ ကားထဲမှပြေးထွက်သွား၏
"အနွံ...အနွံ"
သူမပြေးသွားရာနောက်ကားပေါ်မှအမြန်ဆင်းကာ လက်ရာပြေးလိုက်လာသည်။
"အနွံ...နေပါအုံး အနွံ"
သူမအနားရောက်ချိန်သူမလက်အားလှမ်းဆွဲကာ သူ့ဘက်သို့လှည့်လိုက်၏
"ဟင် အနွံငိုနေတယ်ဟုတ်လား"
မျက်ရည်များအရွှဲသားဖြင့် သူ့ကိုငေးကြည့်နေသည့်ကောင်မလေး။ ထိုမျက်ရည်များကိုမြင်သည်နှင့် လက်ရာရင်ထဲဝမ်းနည်းသွားမိသည်။
"ဘာလို့ငိုနေတာလဲအနွံရယ် ဟင်!!..."
ဘာကြောင့်ရယ်မသိ သူမမျက်ရည်ကျနေသည်ကိုကြည့်၍ သူကိုယ်တိုင်ပါမျက်ရည်များပင်ဝဲတက်လာရသည်။သူမကို မျက်ရည်ကျလောက်သည်အထိ နက်နက်ရှိုင်ရှိုင်းသူချစ်မိသွားခဲ့လေပြီ။
အချိန်ဟာခဏလေးပါ တစ်ကယ်ကိုခဏလေးဆိုပေမယ့် သူမည်သို့မျှပင် သူ့ရင်ခုန်သံများကိုထိန်းချုပ်၍မရတော့ပါ။ အချစ်ဆိုတာ အချိန်နဲ့မဆိုင်ဘူး ရင်ခုန်သံနဲ့ပဲသက်ဆိုင်တယ်ဆိုတာ အခုသူမကိုချစ်မိနေတဲ့ သူ့ရင်ခုန်သံတွေဟာသက်သေပဲမို့။
"ဦး...အနွံ့ကို အခုလိုမျိုးမလုပ်ပါနဲ့..အနွံ...အနွံ ဦးကိုမချစ်ဘူး"
အနွံနှုတ်မှပြောလိုက်ပေမယ့် အနွံ့နှလုံးသားလေးကခုန်နေကာ ချစ်တယ်ဟုသာပြန်ပြန်ဖြေနေတာအကြိမ်ကြိမ်အခါခါ။
တစ်ကယ်ဆိုအနွံလဲဦးကိုချစ်ချင်သည်။အနွံ ဦနဲ့ပျော်ချင်သည်။ မဖြစ်နိုင်ပါ။ ဦးဟာ တစ်ချိန်ကမမရဲ့ချစ်ရသူဖြစ်ခဲ့တာနဲ့တင် အနွံဦးကိုမချစ်သင့်ပေ။ မဟုတ်ရင် တမလွန်မှာရောက်နေတဲ့မမက အနွံ့ကိုမုန်နေမှာ။
"အင်း ရပါတယ်အနွံရယ်...ကိုယ့်ကိုအနွံမချစ်ရင်တောင် ကိုယ်ကချစ်နေရလို့ပျော်ပါတယ်"
မဆိုင်းမတွပြန်ဖြေရင်း လက်ရာအချိုသာဆုံးပြုံးပြလိုက်သည်။သူမကိုချစ်နေရတာကိုက သူ့အတွက်ပြည့်စုံလုံလောက်နေပြီမို့ အဆင်ပြေပါတယ်လေ။