3. Wolf in sheep clothing

1K 146 28
                                    

"အစ်ကို... တစ်ခုခုတော့မှားနေပြီထင်တယ်..."

ဆောနူရဲ့အမေးကို သူပခုံးတွန့်ပြရုံသာ...

ဂရုမစိုက်ချင်တော့သလိုသာလုပ်နေရပေမဲ့ တကယ်တမ်း သူဒီကိစ္စကို အရမ်းဂရုစိုက်ပါတယ်။ ဒီပြဿနာမှာ သူ့နှလုံးသားတစ်ခုလုံးတောင် ဖယ်ထုတ်ခံလိုက်ရတယ်။ သူဘယ်လိုလုပ် ဂရုမစိုက်မိဘူးဆိုတာ ဟုတ်ပါ့မလဲ။

"လူစီက ဒီလိုလုပ်မဲ့လူမျိုးမဟုတ်ဘူး..."

အစကတော့ Jakeသည်လဲ ဤကဲ့သို့ ထင်ခဲ့သည်ပဲ‌လေ။ လူစီက သူတစ်သက်လုံးသိလာတဲ့ မိန်းကလေးမို့ ယုံကြည်တာထက်ပင်ပိုတယ်ပြောနိုင်တယ်။ သူတင်မဟုတ် ဆောနူလဲ လူစီ့ရဲ့အကျင့်ကိုကောင်းကောင်း သဘောပေါက်ခဲ့တာပဲ။

ထိုအဖြစ်အပျက်တွေကို ထုတ်မေးလိုက်တုံးကတောင် Jakeကသူမအား စွပ်စွဲ‌နေသည်ဟု အတော်လေး မယုံနိုင်ဖြစ်နေရှာသည်ပဲ။ ဂျိတ်ခ်ကိုယ်တိုင်လဲ မည်သို့မှမယုံကြည်နိုင်ခဲ့။ သို့သော် လူစီကို သူက စကားသပ်သပ်နှင့် စွပ်စွဲရုံသာမဟုတ်ခဲ့ပါ သက်သေပါလက်ထဲရှိထားခဲ့သည်လေ။

"မင်းမယုံနိုင်ဘူးလို့ ငါသိပါတယ်... ဒါကိုကြည့်ပါလား..."

ဂျိတ်ခ် သိမ်းဆည်းထားခဲ့သော audio fileတစ်ခုကို ဆောနူအား ဖွင့်ပြလိုက်သည်။

"စား စား စား အဲ့မှာတစ်နေကုန်စားဖို့ပဲသိတယ်... မင်းကိုဘာလို့မွေးစားလိုက်တယ်မသိဘူး ဒီလောက်ညစ်ပတ်ပြီး ပျင်းတဲ့ကလေး... အလုပ်တွေအကုန် ငါပဲလုပ်နေရတယ်..."

ထို့နောက် အလယ်မှာ တိတ်ဆိတ်မှုက ကြီးစိုးသွားသည်...။ ဆောနူအံ့အားသင့်မှုကြောင့် မျက်လုံးတွေပြူးကျယ်လာသည်။

"အန်တီ ဒီနွားနို့က သောက်ရအဆင်မပြေဘူး..."

"မင်း ချေးကများသေးတာလား? ကလေးတစ်ယောက်က ဘာလို့အဲ့လောက်ချေးများရတာလဲ?..."

အဲ့ဒီနောက် ကြားရတဲ့ လူစီ့ရဲ့ရယ်သံ။ တစ်ပိုင်းတစ်စမို့ ဒီအပိုင်းကဖြတ်ထုတ်ခံလိုက်ရသည်ထင်သည်။ ကိစ္စမရှိပါ။ ဂျိတ်ခ် လူစီရဲ့ကိုယ့်ကျင့်တရားကို မှားယွင်းသုံးသပ်မိစရာမရှိနိုင်ပါ။

𝐁𝐢𝐠 𝐁𝐚𝐝 𝐖𝐨𝐥𝐟Where stories live. Discover now