"ကိုကို ဒီနေ့က ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ပိတ်ရက်လေ အိမ်မှာ တစ်ခုခုလုပ်စားကြမလား? ..."
"အီသန်က ဘာစားချင်လို့လဲ?..."
ဂျိတ်ခ် အီသန့်ကိုပြန်မကြည့်ပဲ အလုပ်လုပ်ရင်းဖြေလိုက်တော့ အီသန်က အပြုံးလေးနဲ့ အနားကိုတိုးကပ်လာတယ်။ ပြောသာပြောနေတာ သူ့လက်ကလဲ ဂျုံတွေကိုနယ်ရင်း တစ်ခုခုလုပ်ဖို့ပြင်နေတာမှန်း ဂျိတ်ခ်သဘောပေါက်သွားတယ်။ အပြာရောင်ညအိပ်ဝတ်စုံထက်မှာ cinnamonroll apronဝတ်ထားတဲ့ အီသန်က အင်မတန်ကို မျက်စိထဲချစ်ဖို့ကောင်းလွန်းလို့... အူယားလာတဲ့ဂျိတ်ခ်တစ်ယောက် ဆံပင်ကိုဆွဲဖွမိတာပဲ။ အီသန်က ပါပီလေးတစ်ကောင်လို သူ့လက်ကို ပြန်တိုးဝှေ့လာတယ်။ အင်း... တကယ်ပဲ သူ့သားလေးက ချစ်စရာလေး...။ ခိ ... အားလပ်ချိန်တိုင်း မီးဖိုချောင်ဝင်ပြီး စားကောင်းတာလေးတွေအများကြီးလုပ်တတ်သေးတယ်။ အနာဂါတ်ချွေးမတွေအားလုံးလိုချင်ကြမဲ့ male wife materialလေး။
အီသန်က သူဂျုံတွေလို့ထင်နေခဲ့တာက အမှန်စင်စစ် မဟုတ်ကြောင်း ပြန်ရှင်းပြတယ်။ သူက အဲ့လိုမျိုး ဂျိတ်ခ်ရဲ့အတွေးတွေကို အမြဲသိဟန်ဆောင်တယ်။ အင်း ဟုတ်တော့ဟုတ်ပေမဲ့လဲ။
"ဒါဂျုံတွေမဟုတ်ဘူး ဆန်မှုန့်တွေ တော့ပိုကီလုပ်ကြမလားလို့လေ... အစ်ကိုဆောနူလဲကြိုက်တာမလို့... တို့တွေ ရို့စ်တော့ပိုကီစားကြမယ်..."
"သဘောလေ ... ကိုကိုကကြိုက်ပါတယ်..."
ဂျိတ်ခ်နောက်တော့မှ အီသန့်စကားမှာ ဆောနူနာမည်ပါလာမှန်းသတိထားမိသွားတယ်။
"ဆောနူလား? သူဒီကိုလာမှာတဲ့လား?..."
"မဟုတ်ပါဘူး... အစ်ကိုဆောနူက သူ့အလုပ်မှာသူရှိနေမှာပေါ့... ကျွန်တော်က သုံးယောက်သားအတူတူမုန့်လုပ်စားခဲ့တာကို သတိရလို့ပါ... ပြီးတော့ မပြောနိုင်ဘူးလေ..."
အီသန့်အပြုံးတွေက လက်ခနဲတောက်ပသွားတယ်။
"ဒီနေ့အစ်ကိုဆောနူဒီကိုလာမယ်လို့ ဘာလို့ထင်နေမိပါလိမ့်..."
အီသန်က ပုဏ္ဏားလေးထင်ပါရဲ့။
ခဏအကြာ ဆောနူက အိမ်တံခါးကိုလာခေါက်လေတယ်။
YOU ARE READING
𝐁𝐢𝐠 𝐁𝐚𝐝 𝐖𝐨𝐥𝐟
FanfictionWhy wouldn't he take a first bite when his prey was so delicious? heejake🔞 Warning : strong language, explicit, forced, kidnapped, self-harm, manipulation, underage kiss, violence, drugs, underagesex