9. Las mentiras

943 138 34
                                    

"ဒါနဲ့ Andrew James Anderson?..."

"ဟုတ်တယ်ဗျ? ဒါနဲ့ ဘယ်သူလဲမသိဘူး?..."

"ခဏလိုက်ခဲ့..."

ထိုကောင်လေးအား သူသိသလားဆိုတော့ မသိပါ။ ဒါပေမဲ့ လေသံကတော့ မာရေကြောရည်ရှိလှတယ်။ ဖြူဥတဲ့မျက်နှာသေးသေးဟာ Oreo colourဆံပင်နဲ့လိုက်ဖက်နေပြီး အနက်ရောင်hoodieကိုခေါင်းဆောင်းထားတာကြောင့် ပိုပြီးသေးသွယ်သွားတယ်ထင်ရတယ်။ သူ့အာရုံကိုအဆွဲဆောင်နိုင်ဆုံးက တစ်ဖက်လူရဲ့ UltraRange MTE-1 ဖိနပ်တွေ...။

ဒါထားပါ။ ဒီလူကို သူလုံးဝမသိပါ။ သိလဲမသိချင်နေပါ။ သူ့အတွက်အရေးကြီးတဲ့နေ့မလို့ လောနေတဲ့စိတ်တွေက ဘယ်သူမှန်းမသိတဲ့လူနဲ့ အမြန်စကားစဖြတ်ပြီး ထွက်သွားလိုက်ဖို့ကို လှုံ့ဆော်နေခဲ့တယ်။ သူ အပြုံးတစ်ခုကို အတင်းလုပ်ယူလိုက်တယ်။

"ကျွန်တော်တော့ မင်းကိုလုံးဝမသိဘူး...။ အဲ့တော့ လိုက်ခဲ့ဖို့လား? ဆောရီးပါ ... ဘာလို့ ကျွန်တော့်ကားရှေ့ကဖယ်ပေးပြီး ဟိုဘက်ကလူတွေကိုသွားမရှုပ်တာလဲ..."

စကားစဖြတ်ကာ သူ‌ကားတံခါးကိုဖွင့်ဖို့ကြံလိုက်ပေမဲ့ သန်မာတဲ့လက်တွေကသူ့လက်ကို ဖြတ်ရိုက်လိုက်တဲ့အခါမှာ ကြောင်အသွားမိတယ်။ ထို့နောက်တော့ အဲ့ဒီအသံဩဩကောင်လေးက ဆက်ပြောတယ်။

"လိုက်ခဲ့ဆို လိုက်ခဲ့ပေါ့ ... အလုပ်များနေတာ မင်းတစ်ယောက်တည်းလို့ထင်နေလား? ငါနောက်တစ်နာရီဆိုရင် Baskin robinnsမှာ ရောက်နေမှရမယ်... ငါ့အချိုပွဲစားချိန်လေ... "

ထိုကောင်လေးက သူ့လက်ကနာရီကိုကြည့်ရင်းစိတ်မရှည်စွာပြောတယ်။

"ကြာတယ်ကွာ Mike... ဒီကောင့်ကို ဆွဲခေါ်လာခဲ့..."

အဲ့ဒီနောက်မှာတော့ ဘယ်ကရောက်လာမှန်းမသိတဲ့လူတစ်ယောက်က သူ့ကိုတရွတ်တိုက်ဆွဲလာပြီး ထိုoreo hairနောက်ကို ခေါ်လာခဲ့တယ်။ လမ်းတစ်လျှောက်ငြိမ်ခံမနေခဲ့တဲ့အပြင် ရုန်းကန်အော်ဟစ်နေခဲ့ပေမဲ့ သူ့ကို ဘေး‌ဒုက္ခကကယ်တင်ဖို့ တစ်လမ်းလုံးမှာ ကြောင်တစ်မြီးခွေးတစ်ကောင်တောင်မှ ရှိမနေခဲ့ပါ။ ဒီလိုထူးဆန်းရတဲ့အထဲကို ဖြစ်ပုံက သူကသူ့အိမ်ရှေ့မှာပဲ ဒီလိုမျိုး အတင်းအကြပ်ပြန်ပေးဆွဲခံလိုက်ရတာလေ။

𝐁𝐢𝐠 𝐁𝐚𝐝 𝐖𝐨𝐥𝐟Where stories live. Discover now