5. Mara possessed

916 132 33
                                    

"Danni မငေးနဲ့ ... မစ္စတာရှင်းမ်ကို ကော်ဖီသွားပေးလိုက် မြန်မြန်လေး..."

Danielle အဲ့ဒီနာမည်ကြီးလှတဲ့ သီတင်းတင်ဆက်သူကို ငေးမိတာ မိသွားလေတော့ ရှက်ရှက်နဲ့ သွားစိကာရယ်ပြလိုက်မိတယ်။ ခဏအနားရတုံးလေး မြင်ဖူးချင်တဲ့စိတ်ကြောင့် လာချောင်းမိတာရယ်ပါ။ Jake Simကလဲ အထဲမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရယ်မောနေခဲ့ပြီး Felix Leeပြောတဲ့ ဟာသတစ်ခုကို နားထောင်နေခဲ့တာမို့ ခဏလောက် ကြည့်မိလို့ရော မဖြစ်ဘူးလားလို့ အတွေးဝင်ခဲ့တာ။ Mrs Spinkက သွက်သွက်လုပ်ဖို့ လက်နဲ့အမူအရာပြတဲ့အခါ သူမနှေးဖင့်နေလို့မရတော့ပါ။ အနားယူခန်းက ကော်ဖီဖျော်စက်ဆီပြေးသွားပြီး အလုပ်ရှုပ်ရပြန်တာပေါ့။

နေပါဦး မစ္စတာရှင်းမ်ရဲ့ သောက်နေကျ အချိုးကဘာပါလိမ့်။ Wikipediaမှာ ဖော်ပြထားလောက်ရဲ့လား။အလုပ်သင် ဝန်ထမ်းသစ်မို့ ပြာယာခတ်နေမှုတွေကြားမှာ သူမရင်ထဲ တစ်ဆို့ဆို့ဖြစ်လာမိတယ်။ သူမခေါင်းထဲမှာ မြည်နေတာတစ်ခုတည်း 'သွားပါပြီ စလာကတည်းက အဲ့ဒီနာမည်ကြီးတဲ့ယောက်ျားကို အပြစ်ပြုမိရင်တော့လား ဒီmediaလောကကနေ ထွက်ရပါပြီ'

"မစ္စတာရှင်းမ်ကြိုက်တာက သုံးအချိုးနှစ်..."

Hanni Phamက ခပ်ဝေးဝေးကနေ လှမ်းအော်တာကို သူမကြားလိုက်ရတယ်။ တုန်ယင်နေတဲ့အသံကိုထိန်းချုပ်ရင်း သူမပြန်မေးလိုက်မိတယ်။

"ကော်ဖီက သုံးလား..."

"ကော်ဖီကသုံးပေါ့ gizibe..."

ဟာနီက မိတ္ထုကူးစက်ကို ဖွဖွထုရင်း စိတ်မရှည်သလို ပြန်ဖြေခဲ့တယ်။ သူမစိတ်တိုနေတာက မိတ္ထူစက်ဆိုပေမဲ့လဲ Danielleခေါင်းလေးပုဝင်သွားတယ်။

"ပြီးတော့ ကော်ဖီခွက်တွေက ဘီရိုထဲမှာမရှိဘူး...
စင်ပေါ်မှာ ... marshmallowမထည့်နဲ့နော်..."

ဟာနီက သူမနဲ့အတူ ဝင်လာခဲ့တဲ့ အလုပ်သင်တစ်ယောက်ပါပဲ။ gizibeဆိုတာက ဘာလဲ သူမနားမလည်ပေမဲ့လဲ မေးဖို့ရာအတွက် အလုပ်ရှုပ်လွန်းနေတယ်။ ရေနွေးတည်ချိန်သုံးမိနစ် ...ကော်ဖီနှပ်ချိန်သုံးမိနစ် အဲ့ဒီအချိန်တွေမှာ အမှားမပါအောင်ဂရုစိုက်နေတဲ့ကြားက ယောက်ယက်ခတ်နေမိတုံး...။ သတင်းမီဒီယာ ကျောင်းသူဘဝကိုပဲ သူမပြန်လွမ်းမိတော့တယ်။ အလုပ်ခွင်က ဒီလောက်ကြောက်ဖို့ကောင်းမယ်လို့မှမသိခဲ့တာ နေရာတကာဝင်ဆူမဲ့လူတွေချည်း။

𝐁𝐢𝐠 𝐁𝐚𝐝 𝐖𝐨𝐥𝐟Where stories live. Discover now