7. Ripley

927 149 25
                                    

"ထမင်းတစ်ခါလောက်အတူစားလိုက်ပါ... ဒီတိုင်း စိတ်ထဲအများကြီးမထားနဲ့..."

"သွားမှာပါဆို ဟွန်းရဲ့ မင်းကအတင်းအကြပ်ဖြစ်နေပြီ..."

"အင်းလေ ကိုကို... အစ်ကိုဂျိတ်ခ်က ငြင်းနေတာလဲ မဟုတ်ပဲ..."

ဆောင်းဟွန်းက အခုတလော အဲ့လိုပဲ ပူကျီပူကျီ။ ဂျိတ်ခ်ကို သူ့မိတ်ဆွေတစ်ယောက်နဲ့ အသည်းအသန်ကို ချိတ်ဆက်ပေးချင်နေတယ်။ အရင်ကဆို ဒီလိုအောင်သွယ်တာတွေ ဝါသနာမပါချင်တဲ့ ဆောင်းဟွန်းတစ်ယောက် အခုဘာဖြစ်နေတာလဲတော့ ဂျိတ်ခ်လဲမစဉ်းစားတတ်ပါ။ ဆောနူကပါ ဆောင်းဟွန်းကို ဝင်ပြောနေတာကို တစ်ဖက်ဖုန်းလိုင်းက ဂျိတ်ခ်ပါ ကြားလိုက်ရတာဖြစ်တယ်။ ဂျိတ်ခ်ခေါင်းကိုသာသာယမ်းလိုက်ရင်း ရေးလက်စသတင်းကို laptop screenပေါ်ကနေ တစ်ခါဖတ်နေလိုက်တယ်။

"ဘေဘီ ... စဉ်းစားကြည့်... ကိုကိုတို့ထွက်သွားရင် ဂျိတ်ခ်အနားမှာ ဘယ်သူမှမရှိတော့ဘူး... သူ့မှာသူငယ်ချင်းဆို ကိုကိုတို့ပဲရှိတာ... ကိုကို သူ့ကိုစိတ်မချဘူး..."

"ဟေ့ရောင်... ငါမကြာခင် သုံးဆယ်ပြည့်တော့မယ်... မင်း စိတ်ပူနေတာလွန်တယ်မထင်ဘူးလား... ပြီးတော့ ငါ့မှာ ဘယ်သူမှမရှိဘူးလို့ဘယ်သူပြောလဲ...
အီသန်... အီသန် ရှိတယ်ကွာ..."

"ဂျိတ်ခ်!..."

ဆောင်းဟွန်းအသံက ဖုန်းထဲကနေ ကျယ်လောင်စွာထွက်လာတယ်။ ဂျိတ်ခ်တောင် နားနားကနေခြားလိုက်ရတဲ့အထိပဲ...။ ဆောင်းဟွန်းက သက်ပြင်းကိုခပ်လေးလေးချကာ စကားတစ်ခွန်းချင်းစီကို အလေးအနက်ပြောလာတော့တယ်။

"အီသန် ... သူ့ကိုလဲ ငါစိတ်မချနိုင်ဘူး..."

ဂျိတ်ခ် ရယ်လိုက်မိတယ်။ ဆောင်းဟွန်းက ဒါကို ဟာသအနေနဲ့ပြောလိုက်တာပါ ဟုတ်တယ်မလား။ သို့သော် ဆောင်းဟွန်းက ဂျိတ်ခ်နောက်ကနေ လိုက်ရယ်မလာခဲ့ပါ။ ဂျိတ်ခ်အပြုံးတွေ တို့လို့တန်းလန်းဖြစ်သွားရတယ်။

ထို့အတူ အခုတစ်ခါတော့ ဆောနူရဲ့အသံက ကျယ်ကျယ်လောင်လောင်ထွက်လာတာဖြစ်တယ်။

"သူများက ရည်မွန်ပြီး သိတတ်တဲ့ကလေးလေး...
လိမ္မာလွန်းတာမှလဲ လွန်ရော... ကျွန်တော်တို့မျက်စိအောက်တင် ထိန်းရင်းကျောင်းရင်း ကြီးပြင်းလာတာကို ဘာတွေများ စိတ်မချစရာရှိလို့တုံး... ကိုကို... အစ်ကိုဂျိတ်ခ်နဲ့ ကျွန်တော်ကိုယ်တိုင် ပျိုးထောင်လာခဲ့တာကို မယုံတာလား? ဘာလို့ ဒီလိုလူမျိုးဖြစ်နေရတာလဲ..."

𝐁𝐢𝐠 𝐁𝐚𝐝 𝐖𝐨𝐥𝐟Where stories live. Discover now