10. Fiasco

1K 131 57
                                    

ပတ်ခ်ဆောင်းဟွန်းကို ဖယ်ရှားလိုက်နိုင်ရင် အရာအားလုံး အဆင်ပြေသွားပြီထင်ခဲ့တာ။ ဂျိတ်ခ်ဟာ သူ့လက်ထဲကကနေ လွတ်ထွက်မသွားတော့ဘူးလို့ ထင်ခဲ့တာ ...။ ဒါပေမဲ့...

ဧည့်ခန်းထဲကနေ ကြားနေရတဲ့ တစ်ခစ်ခစ်ရယ်သံတွေကို နွမ်းလျပင်ပန်းစွာနဲ့ နားစွင့်မိတယ်။ ပြီးတော့ နံရံကိုမီရင်း ပူလောင်နေတဲ့ခံစားချက်တွေကို အနည်ထိုင်သွားအောင်ကြိုးစားနေခဲ့ရတယ်။ မဟုတ်ရင် သူဟာ ချက်ချင်းပဲ ဂျိတ်ခ်ရှင်းမ်ရဲ့လက်ထဲကဖုန်းကို နံရံပေါ် ပစ်ပေါက်လိုက်မိတော့မှာ။

ပြီးတော့မှ စိတ်ကိုငြိမ်အောင်ကြိုးစားကာ ဘောင်းဘီအိပ်ကပ်ထဲကဖုန်းကိုထုတ်ယူလိုက်ပြီး နီရဲကြောင်စီနေတဲ့မျက်လုံးတွေနဲ့ ...ဂျိတ်ခ်ရှင်းမ်က တစ်ဖက်လူနဲ့ပြောထားတဲ့ စကားအခွန်းတိုင်းကို သူ့ရဲ့ဖုန်းကနေ အပြန်ပြန်အလှန်လှန်ဖတ်နေခဲ့မိတာပဲ။ တစ်ဖက်လူက ဂုဏ်သရေရှိရှိ ညစာစားဖို့ဖိတ်တာကို ဂျိတ်ခ်ကတုံ့ဆိုင်းမနေပဲ အမြန်လက်ခံလိုက်တာကို စခရင်ကနေ ထင်ထင်ရှားရှားမြင်နေရတယ်။ အီသန့်ရင်ထဲမှာ မနာလိုမှုတွေနဲ့ ဝုန်းဒိုင်းကျဲသွားတာမှ သူ့ရဲ့သွေးတွေအကုန် ဆူပွက်လာသည်အထိပဲ။ သူ့ရဲ့လည်ပင်းကြောတွေအကုန်လုံး ထောင်ထနေကာ ဖုန်းကိုအကြာကြီးဖျစ်ညှစ်ထားမိတာကြောင့် စခရင်ကသတိပေးသလိုတုန်ခါလာတယ်။ ဂျိတ်ခ်ရှင်းမ်ရှေ့မှာ သူပြသချင်ခဲ့တဲ့ အေးဆေးညင်သာတဲ့ပုံရိပ်က တစ်လွှာချင်း တစ်လွှာချင်းကွာကျနေခဲ့တာဖြစ်တယ်။ သူဟာ အရေဆက်ခြုံမထားနိုင်တော့ဘူး။

ဒီကိုကို့ကို သူတော့ ဘယ်လိုလုပ်ရပါ့။ တစ်ခါတည်း အပိုင်သိမ်းပစ်လိုက်ရတော့မလား? အဲ့ဒီလူဟာ သိပ်ကိုရဲတင်းနေတာမှလေ။ ဒိတ်တစ်ခု? ဟား သူသေမှပဲဖြစ်နိုင်လိမ့်မယ်။

အဲ့ဒီနေ့ညနေဟာ ကိုယ့်ကိုယ်ကိုယ် သတိကပ်ဖို့ ခြိမ်းခြောက်နေရင်း ဒီလိုပဲ ကုန်ဆုံးသွားတယ်။ သူဟာ ရေပန်းအောက်မှာ ဘယ်နှစ်နာရီကြာခဲ့တယ် မမှတ်မိတော့ဘူး။ အေးစက်နေတဲ့ရေတွေဟာ သူ့တစ်ကိုယ်လုံးပေါ် စီးကျနေခဲ့ပြီး နှုတ်ခမ်းတွေဟာ အပြာရောင်သမ်းလာတဲ့အထိပဲ။ သူဟာ အဲ့ဒီအတိုင်းရှိနေခဲ့တာမှ အပြင်ကနေ တံခါးခေါက်သံမကြားခင်လေးအထိ...။ အီသန်ခါးမှာ ပုဝါတစ်ထည်ကိုအမြန်ပတ်လိုက်ပြီး တံခါးဖွင့်ပေးလိုက်တယ်။ အပြင်ဘက်မှာ အနက်ရောင် သိုးမွေးထည်hoodieကိုဝတ်ထားပြီး မတအား ချစ်ဖို့ကောင်းနေတဲ့ သူ့ကိုကိုက ရှိနေတယ်။ တောက်ပပြီး ချစ်စရာကောင်းလွန်းတယ်။ ပြီးတော့ အရမ်းကိုမှ ကြည်စင်သန့်ရှင်းလွန်းတယ် ... သူလက်လှမ်းမမီနိုင်လောက်အောင်...။

𝐁𝐢𝐠 𝐁𝐚𝐝 𝐖𝐨𝐥𝐟Where stories live. Discover now