4. Hello, little red riding hood?

1.1K 150 36
                                    

7 years later...

ခုနစ်နှစ်တာ...

ဂျိတ်ခ်အတွက်ကတော့ အရာအားလုံး သူလိုချင်တဲ့အတိုင်း ပုံစံတကျဖြစ်လာဖို့ ခုနစ်နှစ်တောင်မှကြာခဲ့ပါတယ်။ အရင်က တက္ကသိုလ်ကျောင်းသားသာသာဖြစ်ပြီး ချူးတစ်ပြားမှ မရှိခဲ့စဉ်ကရော ...
ကောင်းကင်ကြီးကိုငေးကြည့်ပြီး ကံကောင်းတာတွေဖြစ်လာတော့မှာလို့ အားတင်းထားခဲ့ရစဉ်တွေမှာ... သူအောင်မြင်လာမဲ့အကြောင်းတွေ မပြတ်စဉ်းစားခဲ့ဖူးတယ်။

တစ်နေ့မှာ သူအောင်မြင်လာမှာ... ဒါပေမဲ့ ဘယ်တော့လဲ? ဘယ်အရာကမှ ရေရေရာရာရယ်လို့ပင်မရှိခဲ့။ ရုပ်သံလွှင့်အစီအစဉ်တစ်ခုမှာ အချိန်ပိုင်းအလုပ်ရရာဝင်လုပ်ခဲ့ပြီး ပင်ပင်ပန်းပန်းဖြတ်သန်းခဲ့ရတဲ့ကာလတွေမှာလဲ သူမျှော်လင့်ချက် တစ်ချက်ကလေးမှ မပျက်ခဲ့ဖူးပါဘူး။ နောက်ပြီး အီသန်... အီသန် သူ့ဘဝထဲကိုရောက်လာကတည်းက သူပိုကြိုးစားရမယ်ဆိုတဲ့ အတွေးတွေနေ့တိုင်းဝင်ခဲ့တယ်။

ကြိုးစားနေရတဲ့ခရီးလမ်းက အတိုင်းအဆမရှိဝေးလွန်းတယ်။ ပြီးတော့ စိတ်မရှည်ဖို့ကောင်းလွန်းတယ်။ ဒါပေမဲ့ ဂျိတ်ခ်ဟာ အမြဲတမ်းဇွဲနပဲကြီးခဲ့ပါတယ်။ သူ့ခွန်အားတွေကိုမဖြုန်းတီးပစ်ပဲ သူ့ကိုယ်သူယုံကြည်ဖို့ပိုသုံးဖြစ်ခဲ့တယ်။

အရာအားလုံးက ဂျိတ်ခ်ကိုအထောက်အကူပေးခဲ့ပါတယ်။ အဲ့ဒီတိုက်ခန်းသေးသေးလေးထဲကရုန်းထွက်ပြီး ပထမဆုံး အိမ်တစ်လုံးအရစ်ကျဝယ်နိုင်ခဲ့ပြီ။ အီသန့်ကို ဈေးကြီးတဲ့ဖိနပ်တွေဝယ်ပေးနိုင်ပြီ။ သူကလဲ နိုင်ငံတကာရုပ်သံလိုင်းတစ်ခုရဲ့ ပင်တိုင်သတင်းကြေညာသူဖြစ်လာပြီ။ အရင်ကသူမဝင်ဆံ့ခဲ့ဘူးထင်ခဲ့တဲ့ အရာရာတိုင်းမှာ သူကအံဝင်ခွင်ကျဖြစ်လာခဲ့ပြီ။

ဂျိတ်ခ်ဟာ အရင်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုသိပ်မရှိတဲ့ ကောင်လေးတစ်ယောက်ပါ။ အခုတော့ သူဟာ designerချုပ်အင်္ကျီကိုသေသပ်စွာဝတ်လို့ ဘယ်တော့မှ ထိပ်ဖျားတွေစုတ်နေတော့မှာမဟုတ်တဲ့ လက်ချုပ်ဖိနပ်နဲ့... လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်များကြား လေးစားသမှုရှိရတဲ့ သတင်းကြေညာသူ Jake Simဖြစ်တယ်။ ဂျိတ်ခ်ကိုတွေ့ချင်ရင် ညနေခင်းသတင်းတွေမှာတွေ့နိုင်တယ်။ ဒါမှမဟုတ် social mediaတွေမှာတွေ့နိုင်တယ်။ ဒေါ်လာနှစ်ဆယ်တန် Martiniတစ်ခွက်ကို စိမ်ပြေနပြေသောက်နေတဲ့ဂျိတ်ခ်ကို တစ်ခါတစ်ရံ သူ့အလုပ်ခွင်ရဲ့ဘေးက ဘားမှာတွေ့နိုင်သေးတယ်။

𝐁𝐢𝐠 𝐁𝐚𝐝 𝐖𝐨𝐥𝐟Where stories live. Discover now