6. Hallucinations

1.3K 156 28
                                    

အဲ့ဒီညက အရမ်းကို ပူပြင်းလွန်းခဲ့တယ်။

ဂျိတ်ခ်ရဲ့လည်ချောင်းတွေ ခြောက်သွေ့နေခဲ့ပြီး အသက်ရှူခက်ရလောက်အောင်ပဲ မွန်းကြပ်နေတယ်။ သူကြိုးစားပြီး အသက်ရှူကြည့်တယ် ဒါပေမဲ့ ဘယ်လောက်ပဲကြိုးစားနေပါစေ ‌လုံလောက်တဲ့ အောက်ဆီဂျင်ကိုမခံစားရတာမို့ ရူးသွားမလိုပါပဲ။

"ဟာ့..."

အဲ့တာနဲ့ပဲ သူထထိုင်လိုက်ဖြစ်တယ်။ ဘယ်လိုဖြစ်တာပါလိမ့်။ အသက်ရလာလို့များ အခုလိုအခြေအနေတွေဖြစ်လာတတ်တာလား။ သူ့ခန္ဓာကိုယ်ကို လက်နဲ့ထွေးဆုပ်ထားလိုက်ပြီး ရင်ထဲကဗလောင်ဆူလာတာကို ပြေလျော့ဖို့ကြိုးစားနေမိခဲ့တယ်။ သူ့ရဲ့ခြေထောက်တွေက တွန်းချည်ဆန့်ချည်နဲ့ အိပ်ယာခင်းကို ကြေမွသွားစေတယ်။

ထပ်ပြီး အသက်မရှူနိုင်တော့ရင် မဖြစ်တာကို။

သူ့ရဲ့ အဆုတ်တွေကပေါက်ထွက်တော့မတတ် နာနေခဲ့ပြီး အားမရှိတော့တာကြောင့် ကုတင်ပေါ်ပြန်ပစ်ကျသွားတယ်။

ပိန်းပိတ်အောင်မှောင်နေတဲ့ပတ်ဝန်းကျင်က သူနဲ့ အပြင်လောကကို စည်းတားထားသလိုပဲ။

ကယ်ပါဦး'ဆိုတဲ့ ထွက်ကျလာတဲ့ စကားတွေအကုန်လုံးက အချည်းအနှီးသာ တိုးဖျော့လွန်းနေခဲ့တယ်။

နောက်တော့ စကားမပြောနိုင်တော့လောက်အောင် အသက်ရှူသံပြင်းပြင်းတို့ပဲ ထွက်အန်ကျလာတော့တယ်။ ဂျိတ်ခ်ကြောက်တယ်။ သူမသေချင်သေးဘူး။ သူ့အသက်က သုံးဆယ်တောင်မှ မပြည့်သေးတာကို။

သူ့ခြေထောက်တွေက တွန်းထိုးလှုပ်ရှားနေပြီး သူ့လက်တွေက လည်ပင်းကိုကိုင်ထားမိတယ်။ သူဟာ ကုန်းပေါ်ပစ်တင်ခံလိုက်ရတဲ့ ငါးတစ်ကောင်လို ထိတ်လန့်ဖွယ်ရာသော နာကျင်မှုကြီးကို ကြုံနေရတာဖြစ်တယ်။

"ကိုကို ကိုကို..."

အမှောင်ထဲက အသံတစ်ခု

တစ်နည်း ဂျိတ်ခ်ရဲ့အလင်းတန်းတစ်စ...။

မျက်ရည်တွေကြားကနေ ကြောက်လန့်နေခဲ့တုံး သန်မာတဲ့လက်တစ်စုံက သူ့ကိုပွေ့ဖက်လာတယ်။ ပြီးတော့ သူ့ရဲ့ပါးပြင်ကို ခပ်ဖွဖွပွတ်သပ်နေခဲ့ရင်း တကြော်ကြော်ခေါ်နေခဲ့တယ်။ ဂျိတ်ခ် အားကိုးတကြီးဆွဲလိုက်မိတာကြောင့် အီသန့်ရဲ့အင်္ကျီမှာ ကြယ်သီးသုံးလုံးလောက်ပြုတ်သွားပြီး ပုခုံးပေါ်ကနေ လျှောကျသွားတယ်။ အီသန့်မျက်လုံးတွေက စိုးရိမ်ကြီးစွာနဲ့ သူ့ကို ငေးကြည့်လို့... ဂျိတ်ခ်ဟာ မျက်လုံးထဲက မျက်ရည်တို့ အဆက်မပြတ်ကျဆင်းလာတော့တယ်။

𝐁𝐢𝐠 𝐁𝐚𝐝 𝐖𝐨𝐥𝐟Where stories live. Discover now