2. Wolf pup

1.1K 130 29
                                    

ဒီအပတ်ရဲ့ Documentaryကတော့ ဩစတေးလျရဲ့ ချစ်စရာ ခိုအားလားဝက်ဝံလေးတွေအကြောင်းပဲဖြစ်တယ်။ သူတို့ရဲ့ အစာကွင်းဆက်၊ မိတ်လိုက်ပုံနဲ့၊ ကျက်စားရာပတ်ဝန်းကျင်ကို တနံတလျားအရှည်ကြီး ရိုက်ကူးနေရတာမျိုးပေါ့။ ကံကောင်းလို့ ဂျိတ်ခ်ဟာ ဒီနေ့တော့ ပါဝင်တင်ဆက်ခွင့်ရလိုက်သေးတယ်။ အင်း သူတို့ရဲ့ ဒါရိုက်တာ Sebastianကအတော်လေး စိတ်ကြည်နေပုံရတာမို့လေ။

"ခိုအားလားတွေရဲ့ အစာခြေစနစ်ကကောင်းမွန်လွန်းလို့ အခြားသတ္တဝါလေးတွေအတွက် အဆိပ်ရှိတယ်လို့ယူဆနိုင်တဲ့ ယူကလစ်အနွယ်ပင်‌တွေကိုတောင် ကြေညက်အောင် ခြေဖျက်နိုင်တာကို တွေ့ရပါတယ်...
ဒါကတော့ သူတို့ရဲ့အသည်းက အထူးအင်ဇိုင်းတွေနဲ့ အစာခြေရည်တွေကနေပြီးတော့ အဆိပ်ကိုဖြိုခွဲပေးတာပါ...
အစာခြေစနစ်ကဘယ်လောက်ကောင်းသလဲ‌ဆို နှစ်ဆယ့်လေးနာရီလုံး ယူကလစ်ပင်တွေကိုဝါးနေတာတောင် ချွေးတစ်ချက်မထွက်ပါဘူးခင်ဗျ..."

ပြောရမဲ့linesတွေကို သေချာမှတ်နေရတာနဲ့ ပြီးတော့ တောက်တိုမယ်ရလေးလုပ်နေရတာနဲ့ ဂျိတ်ခ်ရဲ့ ရက်သတ္တပတ်က ဒီလိုပဲကုန်ဆုံးသွားတယ်။

အမှန်ဆို သူနဲ့ရွယ်တူတွေက ပျော်စရာတွေကို ကြံဖန်နေကြချိန်။ ငယ်ရွယ်မှုကိုအဆုံးထိ အသုံးချနေကြချိန်မှာ ဂျိတ်ခ်ကတော့ သူ့အနာဂါတ်ကိုပဲ ရူးလောက်အောင် တွေးနေမိတာဖြစ်တယ်။ သူဘာဖြစ်ချင်လဲဆိုတာ သူသေချာသိတယ်။ အဲ့အတွက် သူဖြစ်ချင်တာကို ရအောင်လုပ်ဖို့ နည်းနည်းမှ တုံ့ဆိုင်းနေမှာမဟုတ်ဘူး။ အဲ့တာကြောင့်ပဲ သွေးဆိုးတဲ့ Sebastianကို သည်းခံပြီး ဒီအလုပ်လေးကို ကပ်တွယ်နေတာပေါ့။

ဘယ်နှစ်ယောက်ကများ ဘွဲ့မရသေးခင်မှာ ကံကောင်းပြီး နိုင်ငံပိုင်ရုပ်သံလိုင်းတစ်ခုမှာ အလုပ်သင်ဆင်းခွင့်ရမတဲ့လဲ? အထူးသဖြင့် နာမည်ကြီးတဲ့ ရုပ်သံလိုင်းလဲဖြစ်သေးတယ်။ ရိုက်ကူးသမျှတွေက ကြည့်ရှုသူလဲမြင့်တယ်။ ဂျိတ်ခ်က သူ့လက်ရှိနေရာကို အရမ်းတန်ဖိုးထားပါတယ်။

"Sim... မင်း ဘယ်လိုတွေလုပ်နေတာလဲ?
အိမ်ကထွက်တုံးက ဦးနှောက်ပါသယ်မလာဘူးလား?
သွား ထောင့်နားမှာ ကပ်ရပ်နေ... ခိုအာလားတွေ မိတ်လိုက်ခါနီးမှာ မင်းမျက်နှာကြီးမြင်နေရတော့ ဘယ်လိုလုပ် ရိုက်ချက်ကောင်းရတော့မှာလဲ? သူတို့က လူဆိုသိတယ်ကွ..."

𝐁𝐢𝐠 𝐁𝐚𝐝 𝐖𝐨𝐥𝐟Where stories live. Discover now