1 ( unicode / zawgyi )

2K 84 1
                                    

zawgyi💛🖤

/idolကိုထိခိုက်လိုစိတ်လုံးဝမရှိပါ/

forever love < 1 >

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ရှိသော ကုမ္ပဏီတစ်ခု၏အစည်းအဝေးခန်းမ တစ်ခုထဲတွင် အဆင့်တန်းမြင့်စွာ ဝတ်ဆင်ထားကြသော လူတစ်ချို့ရှိပြီး ကုမ္ပဏီဝတ်စုံနှင့် ဝန်ထမ်းတစ်ချို့လည်း ရှိသည်

ထိုသူများသည် စားပွဲရှည်၏တစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြခြင်းဖြစ်ပြီး ထိုစားပွဲ၏ ထိပ်အလယ်နေရာတွင်တော့ မည်သူမှမရှိပဲ လစ်လပ်နေသည်

ခဏအကြာ တခါးဖွင့်သံနှင့်အတူ လူတစ်ယောက်ဝင်လာသည်

ထိုသူဝင်လာသည်နှင့် လူတွေအားလုံး ကြက်သည်းများ ထကုန်ကာ သူတို့ရဲ့နှလုံးသွေးတွေပါ အေးခဲကုန်ကြသည်။

ထိုသူသည် ထိုင်းနိုင်ငံ၏ top1 ကုမ္ပဏီဖြစ်သော Vkကုမ္ပဏီ၏ Ceoဖြစ်သည့်အပြင် အရာရာမှာစေ့စပ်တိကျပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ကုမ္ပဏီကို ဦးဆောင်နိုင်သောကြောင့် ထိုသူ၏ အစွမ်းအစအား မေးခွန်းထုတ်ရဲသည့်သူ မရှိပေ။ ဒါ့အပြင် သူ့ပါးစပ်က စကားတစ်ခွန်းထွက်တိုင်း လူတိုင်းအရည်ပျော်ပြီး ဒူးပါခွေကျလောက်အောင် အရှိန်အဝါလည်းကြီးပေသည်။

ရေခဲရိုက်ထားသလားအောက်မေ့အောင် အေးစက်နေသည့်မျက်နှာထားနှင့် ထိုသူသည် အပြုံးအရယ်မရှိတာတောင် နှင်းအလားဖြူဖွေးသည့် အသားအရည်ရှိပြီး သမင်မျက်လုံးများကဲ့သို့ ညို့ယူ့နိုင်သောမျက်ဝန်းအစုံနှင့် မထူမပါးမျက်ခုံးများသည် လိုက်ဖက်ညီစွာ ထိုသူ၏မျက်ဝန်းတစ်စုံကို အားဖြည့်ပေးနေသယောင်။ ယောက်ျားဆန်သောနှာတံနှင့် သေသပ်လှပသော နှုတ်ခမ်းတစ်စုံက ဆေးဆိုးထားခြင်းမရှိပါပဲ ရဲနေသေးသည် ။

ဆံပင်ကို အနောက်သို့ ဂျယ်နဲ့သပ်တင်ထားပြီး နှဖူးတခြမ်းသို့ဆံပင် အနည်းစုကိုချထားသောကြောင့် ယောက်ျားဆန်စွာ ချောမောခန့်ညားပြီး ထိုသူမှာ အရမ်းပြီးပြည့်စုံနေသည်။

"အဟမ်း"

ထိုအသံကြားမှ အခန်းထဲရှိလူများသည် အသိပြန်ဝင်လာကြပြီး ချက်ချင်းပင် အေးစက်သည့်အငွေ့သက်များ ပြန်ရလာကြသည်။

⨍ᨵׁׅꭈׁׅꫀׁׅܻ᥎꫶ׁׅꫀׁׅܻꭈׁׅ ᥣׁׅ֪ᨵׁׅ᥎꫶ׁׅꫀׁׅܻ 🍓[Completed]Where stories live. Discover now