zawgyi💛🖤/idolကိုထိခိုက်လိုစိတ်မရှိပါ/
forever love < 13 >
ထိုင်းစံတော်ချိန်....ညနေ၆နာရီ။
firstတစ်ယောက် နိုးလာသော်လည်း မလှုပ်မယှက်ပေ။ အကြောင်းမှာ အသက်ရှူရင်တောင် တစ်ဆစ်ဆစ်နာလာသော ခန္ဓာကိုယ်ကြောင့်ဖြစ်သည်။
သူကkhaotungရဲ့ရင်ခွင်ထဲမှာရှိနေပြီး khaotungကလည်းသူ့ကို တင်းကြပ်စွာဖက်ထားသည်။
khaotungက အခုထိနိုးသေးဟန်မပေါ်တာကြောင့် သူ အလွန်ပျင်းနေသည်။အချိန်အနည်းငယ်ကြာတော့ လှုပ်ရှားလာတဲ့khaotungကြောင့် သူအမြန်မျက်လုံးမှိတ်လိုက်သည်။
khaotungမျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက သူ့ရင်ခွင်ထဲမှာ အိပ်နေတဲ့firstကိုပင်။
သူ့ဘဝတစ်လျှောက်လုံး အိပ်ခဲ့ဖူးသည်၊ နိုးခဲ့ဖူးသည်။ဒါပေမယ့် ဒီနေ့လောက် ပျော်စရာမကောင်းဖူးပေ။သူfirstရဲ့ နဖူးပေါ် အနမ်းခြွေလိုက်ကာ firstမနိုးအောင် firstရဲ့ခေါင်းအောက်က သူ့လက်ကိုဖြည်းဖြည်းချင်းဆွဲထုတ်လိုက်သည်။ပြီးတာနဲ့ firstကို စောင်သေချာပြန်ခြုံပေးလိုက်ကာ သူကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းထဲဝင်လိုက်သည်။
ကိစ္စပြီးတုန်းကလည်း သန့်စင်ပြီးပြီးဆိုပေမယ့် အိပ်ယာကထလာကာ လူကမလန်းသေးတာကြောင့်ပင်။သူထွက်လာတော့ firstကနိုးနေပြီဖြစ်သည်။
"မင်းနိုးပြီးလား...အဆင်ပြေရဲ့လား"
"ဘယ်လိုလုပ်အဆင်ပြေမှာလဲ ၊မင်းဘယ်လိုလုပ်ထားလဲ မင်းကိုယ်မင်းသိလေ"
"အာ...မင်းထလို့ရလား၊ ငါထူပေးရမလား"
"ရတယ်..မလိုဘူး"
firstထိုသို့ဆိုလိုက်ပြီး အားယူကာထထိုင်လိုက်သည်။
"ငါတောင်းပန်ပါတယ်...ငါလွန်သွားတယ်"
khaotungကမျက်နှာငယ်နဲ့ သူ့ကိုတောင်းပန်သည်။
ခွင့်လွှတ်ပေးမယ်များထင်နေလား...ညကကျတော့ သူမဟုတ်တဲ့အတိုင်း၊ ထလို့အဆင်မပြေလို့သာ မဟုတ်ရင် သေအောင်ထိုးပစ်သည်။
"ငါဆေးထည့်ပေးရမလား"
"မလိုဘူး...ဆေးထည့်ရင်းနဲ့ မင်းထန်လာရင်ငါတာဝန်မယူနိုင်ဘူး"
BẠN ĐANG ĐỌC
⨍ᨵׁׅꭈׁׅꫀׁׅܻ᥎꫶ׁׅꫀׁׅܻꭈׁׅ ᥣׁׅ֪ᨵׁׅ᥎꫶ׁׅꫀׁׅܻ 🍓[Completed]
Fanfiction"မင်းပိုင်တဲ့အရာက အမြဲတမ်းမင်းအပိုင်ပဲ......ဘယ်သူ့အပိုင်မှဖြစ်လာမှာမဟုတ်ဘူး" first "ငါပိုင်တဲ့မင်းကို လာထိတဲ့သူမှန်သမျှ ငရဲသွားရမယ်....မင်းရဲ့အရာအရာတိုင်းကိုကာကွယ်ပေးမယ်၊တစ်ခုပဲ မင်းငါ့နေရာမှာ ဘယ်သူ့ကိုမှအစားမထိုးပါနဲ့" ................. ...