18( unicode / zawgyi )

402 28 2
                                    


zawgyi💛🖤

forever love < 18 >

firstတစ်ယာက်နိုးလာသည်နှင့် ဘေးဘက်ကိုအရင်ဆုံး လက်နဲ့စမ်းမိသည်။သို့ပေမယ့် ဘယ်သူမှမရှိတာကြောင့် သူဖွင့်မနိုင်သေးတဲ့ မျက်လုံးကို အားယူကာ ဖွင့်ကြည့်လိုက်သည်။

အခန်းထဲမှာလည်း မည်သူမှမရှိနေ။ သူပြန်သွားပြီးလား.........။

သူစိတ်တွေရှုပ်ထွေးသွားပြီး ကိုယ်လက်သန့်စင်ကာ အောက်သို့ဆင်းလာခဲ့သည်။

စားပွဲပေါ်ကိုကြည့်တော့လည်း ဘာမှမရှိနေ။သူမသင်္ကာစွာ မီးဖိုခန်းထဲဝင်ကြည့်လိုက်သည်။

"khaotung"

"အော် firstနိုးလာပြီးလား ခဏလေး ငါလုပ်လို့ပြီးတော့မယ်"

firstသက်ပျင်းချကာ ထိုင်ခုံပေါ်ထိုင်နေလိုက်သည်။

"ငါက မင်းပြန်သွားပြီးထင်နေတာ"

"မဟုတ်ပါဘူး ငါက မင်းနိုးရင်စားလို့ရအောင် ချက်ပေးနေတာ....ဗိုက်ဆာနေပြီးလား"

"ရတယ် အေးဆေးလုပ်"

firstကထိုသို့ပြောလိုက်တာကြောင့် khaotungက အရှေ့ပြန်လှည့်သွားတော့သည်။

"ခါးက သက်သာသွားပြီးလား......"

khaotungက မေးလာတဲ့အခါ firstက တစ်စုံတစ်ခုကို သတိရသွားဖြင့် khaotungအနားသို့လျောက်သွားကာ khaotungကိုအနောက်ကနေ ဖက်ထားလိုက်သည်။

"သက်သာသွားပါပြီး...khaotung ဘာလို့မှန်းမသိ ငါမကောင်းတဲ့အငွေ့အသက်တွေ ခံစားနေရတယ်"

firstကပြောပြီး khaotungရဲ့ကျောပြင်ကို သူ့ပါးနဲ့ အနည်းငယ်ပွတ်သပ်လိုက်သည်။

"မင်းလျှောက်တွေးမနေပါနဲ့ ဘာတွေပဲဖြစ်လာဖြစ်လာ....ငါမင်းကိုချစ်တယ် ၊ အဲ့တာကိုပဲသေချာလေးမှတ်ထားပေး"

"အင်း ငါသိပါတယ်...."

"ပြီးတော့...ဘယ်အချိန်မှာပဲဖြစ်ဖြစ် ငါ့ကိုယုံကြည်ရမယ်နော်၊ ပြီးတော့ ငါ့အပေါ်မှာ မင်းနှလုံးသားက ဖြစ်ပေါ်လာတဲ့အတိုင်းဆက်ဆံပေးပါ"

"အင်း...."

firstခပ်ဖွဖွပြုံးလိုက်ပြီး khaotungရဲ့ ဂုတ်ပိုးကို မြတ်နိုးစွာနမ်းလိုက်သည်။
      သူမသိဘူး... သူkhaotungအပေါ်ဘယ်လိုခံစားနေရလဲဆိုတာကို၊ ဒါမှမဟုတ် သူမသိချင်ယောင်ဆောင်နေတာလည်းဖြစ်နိုင်သည်။

⨍ᨵׁׅꭈׁׅꫀׁׅܻ᥎꫶ׁׅꫀׁׅܻꭈׁׅ ᥣׁׅ֪ᨵׁׅ᥎꫶ׁׅꫀׁׅܻ 🍓[Completed]Donde viven las historias. Descúbrelo ahora