zawgyi💛🖤/idolကိုထိခိုက်လိုစိတ်လုံးဝမရှိပါ/
forever love < 2 >
"မင်းကဘာမို့လို့ ငါကမင်းနဲ့စကားပြောနေချိန်တိုင်း လွတ်လပ်သလိုခံစားနေရတာလဲ khao တကယ်ပဲ မင်းကဘာမို့လဲ... ငါမင်းကိုယုံကြည့်လို့ရောရလား"
"ဒေါက်ဒေါက်ဒေါက် first တံခါးလာဖွင့်ပေးအုံး"
firstအတွေးများနေတုန်း တံခါးခေါက်သံကြောင့် သွားဖွင့်ပေးလိုက်သည်။
"ဘာလဲ"
"အော်....ငါမင်းကိုအင်္ကျီလာပေးတာ မင်းအခုထိအင်္ကျီမလဲရသေးဘူးမလား"
firstတစ်ယောက်khaoလာပေးတဲ့အင်္ကျီကိုကြည့်လိုက်တော့ ရှပ်အင်္ကျီလက်တိုအဝါတစ်ထည်နဲ့ ဘောင်းဘီပွပွတစ်ထည်။ ကြည့်ရတာ သူဒီလိုအင်္ကျီတွေချည်းဝယ်ထားသည်ထင်သည်။
အခုလည်းရှပ်အင်္ကျီလက်တိုအနက်နဲ့ ဂျင်းဘောင်းဘီဒူးပြဲကိုတွဲဝတ်ထားသည်။"အာ...ဆောရီးကွာ ငါ့မှာလည်းဒီလိုအင်္ကျီတွေပဲရှိတာ ဘောင်းဘီကလည်းမင်းနဲ့တော်မယ့်ဟာဆိုလို့ဒီတစ်ထည်ပဲ ရှာတွေ့တယ်"
"အင်း"
firstလည်း ပြောပြီးတာနဲ့ တံခါးပိတ်လိုက်သည်။ ပိတ်သွားတဲ့တံခါးကိုကြည့်ရင်း ပြုံးပြီးကျန်ခဲ့တဲ့ကောင်လေးတစ်ယောက်လည်းရှိသည်။
ခဏအကြာ
"first....မင်းပြီးရင်ထွက်လာတော့ ဒီမှာစားစရာတွေအေးကုန်တော့မယ်"
"အေး"
အခန်းထဲမှာfirstတစ်ယောက် အင်္ကျီဝတ်ပြီးသော်လည်း မှန်ထဲမှာမြင်နေရတဲ့ သူရုပ်သူကြည့်ကာ မျက်မှောင်ကျုံ့နေမိသည်။
ဒီအင်္ကျီတွေကသူ့ကို လူငယ်ဆန်စေကာ မာဖီးယားအငွေ့အသက်တွေပျောက်သွားစေသည်။ သူလည်းမတတ်နိုင်တဲ့အဆုံး ထိုပုံစံနဲ့ပဲထွက်လာခဲ့လိုက်သည်။ထမင်းစား စားပွဲမှာ khaoတစ်ယောက်firstအလာထိုင်စောင့်နေသည်။ ခဏနေတော့ ရောက်လာတဲ့သူကိုကြည့်လိုက်တော့ ရင်ဘတ်ထဲလိပ်ပြာအကောက်တစ်ရာလောက် ဖြတ်ပြေးသွားသလိုခံစားလိုက်ရသည်။
firstက မနေ့ကပုံစံနဲ့လုံးဝမတူတော့ပေ။ မနေ့ကfirstပုံစံက လုံးဝအရှိန်အဝါတွေထွက်နေပြီး ဒီနေ့သူ့အင်္ကျီတွေဝတ်လိုက်တော့ တကယ့်ကလေးပေါက်စလေးအတိုင်းပင်။
YOU ARE READING
⨍ᨵׁׅꭈׁׅꫀׁׅܻ᥎꫶ׁׅꫀׁׅܻꭈׁׅ ᥣׁׅ֪ᨵׁׅ᥎꫶ׁׅꫀׁׅܻ 🍓[Completed]
Fanfiction"မင်းပိုင်တဲ့အရာက အမြဲတမ်းမင်းအပိုင်ပဲ......ဘယ်သူ့အပိုင်မှဖြစ်လာမှာမဟုတ်ဘူး" first "ငါပိုင်တဲ့မင်းကို လာထိတဲ့သူမှန်သမျှ ငရဲသွားရမယ်....မင်းရဲ့အရာအရာတိုင်းကိုကာကွယ်ပေးမယ်၊တစ်ခုပဲ မင်းငါ့နေရာမှာ ဘယ်သူ့ကိုမှအစားမထိုးပါနဲ့" ................. ...