11( unicode / zawgyi )

426 34 0
                                    


zawgyi💛🖤

/idolကိုထိခိုက်လိုစိတ်မရှိပါ/

forever love < 11 >

Ring....Ring.....

khaotungအင်္ကျီလဲနေတုန်း ဖုန်းလာတာကြောင့် ကြည့်လိုက်တော့ တစ်ခါမှမတွေ့ဖူးတဲ့နံပါတ် ။

📳
"ဟယ်လို...ဘယ်သူလဲ"

"ဟော....ပြောတော့ ငါ့ဖုန်းနံပါတ်ကိုစုံစမ်းထားတယ်ဆိုပြီး အခုကျတော့ မမှတ်မိဘူးပေါ့"

သူအခုမှ ဖုန်းနံပါတ်ကိုသေချာပြန်ကြည့်မိသည်။ ဟုတ်သားပဲ၊ firsရဲ့ဖုန်းနံပါတ်ကို သူမေ့နေတာ။

"အာ...ဆောရီး ငါသတိမထားမိလိုက်ဘူးဖြစ်သွားတယ်"

"ရပါတယ် ၊ ဒါနဲ့မင်း ချင်းမိုင်သွားတော့မှာလား"

"အင်း....အခုတောင်အင်္ကျီလဲပြီးနေပြီး...ဘာလုပ်ဖို့လဲ"

"ဘာမှမဟုတ်ပါဘူး...ဒီအတိုင်းမေးကြည့်တာ"

"မင်းအခုဖုန်းဆက်တာက အဲ့တာမေးမလို့လား"

"မသေချာဘူး...ဒီအတိုင်းသတိရလို့"

"first....မင်းငါ့ကို ချင်းမိုင်မသွားပဲ အကြွေးပြန်ယူချင်လာအောင်လုပ်နေတာလား"

"ငါဘာလုပ်လို့လဲ....အဲ့တာဆိုလည်း သွားတော့လေ၊ နောက်မှတွေ့မယ်"

"မင်း.."📳

တီ.....

ဖုန်းချသွားပြီး...ကြောက်တတ်လိုက်တာ အဟက်။

khaotungသွားတွေပေါ်သည်အထိ ရီလိုက်မိပြီး firstဆီကို မက်ဆေ့ခ်ျတစ်ကြောင်းပို့လိုက်သည်။

-first ငါမရှိတုန်း ဟိုကောင်လေးနဲ့မပက်သက်နဲ့နော်...နောက်တစ်ခါထပ်ဖြစ်လာရင် ငါသူ့ကိုအရှင်မထားတော့ဘူး။

အတော်အတန်ကြာသည်အထိ စာပြန်တာမတွေ့တာကြောင့် သူဖုန်းပိတ်ကာ ခရီးသွားဖို့ပြင်လိုက်သည်။

-------------

khaotungချင်းမိုင်ရောက်သည်နှင့် သူ့အတွက်စီစဉ်ထားတဲ့ အခန်းထဲဝင်ကာ လှဲချလိုက်သည်။

တစ်လျှောက်လုံး ကားမောင်းလာတာကြောင့် သူအတော်လေးပင်ပန်းနေပြီဖြစ်သည်။

ဒေါက် ဒေါက် ဒေါက်....

"စားစရာလာပို့တာပါ"

⨍ᨵׁׅꭈׁׅꫀׁׅܻ᥎꫶ׁׅꫀׁׅܻꭈׁׅ ᥣׁׅ֪ᨵׁׅ᥎꫶ׁׅꫀׁׅܻ 🍓[Completed]Onde histórias criam vida. Descubra agora