zawgyi💛🖤
/idolကိုထိခိုက်လိုစိတ်လုံးဝမရှိပါ/
forever love < 5 >
"မင်းကဘာမို့လို့ ငါကမင်းနဲ့ရှိရင် နွေးထွေးနေရတာလဲ၊ မင်းကိုငါကတစ်ရက်မှမမေ့နိုင်ရအောင် မင်းကဘာကောင်မို့လို့လဲ"
khaotung ကြောင် 'အ' စွာကြည့်နေမိသည်။
"မင်းက ငါ့ကိုလေးနှစ်ကြာတဲ့အထိ ပဟေဠိတွေနဲ့ ထားသွားခဲ့တာ ငါမင်းကိုလိုက်ရှာခဲ့ပေမယ့် မင်းကမရှိတော့ဘူး။ ဘယ်ကိုရောက်သွားလဲဆိုတာလဲ မသိရဘူး။ ငါ့အနားက လူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြပြီး ၊ အခု ငါ့ရဲ့ဦးလေးကလည်း ထွက်သွားတော့မှာ။ မင်း...မင်းကတော့ ငါ့အနားမှာနေပေးလို့မရဘူးလား။
ပြောရင်းနဲ့ မျက်ရည်ကျလာတဲ့ firstကြောင့် သူမျက်ရည်တွေကို အမြန်သုတ်ပေးလိုက်သည်။
"ရတာပေါ့...ငါမင်းအနားမှာ တစ်သက်လုံးနေပေးမှာ။ မင်းမောင်းထုတ်ရင်တောင်မသွားဘူး ၊ မင်းကဘာလို့ ငါ့ကိုမင်းအနားမှာနေစေချင်တာလဲ"
khaotung မျှော်လင့်တစ်ကြီးနဲ့ firstကို ကြည့်နေလိုက်သည်။
firstက khaotungပါးတစ်ဖက်ကို အုပ်ကိုင်ကာ
"မင်းကို...ငါ...."
"အင်း"
"ငါ့ရဲ့ညီလိုမျိုးခံစားရလို့ "
firstအဖြေအဆုံး khaotungတစ်ယောက် မျှော်လင့်ချက်တွေ ပျက်စီးကုန်ကာ မျက်နှာရှုပ်မဲ့သွားသည် ။
သူ့ကို ညီအကိုဇုန်ထဲသွင်းချင်နေတယ်ပေါ့၊ ဒီအမူးသမားလေးက။
"ညီအစ်ကိုအဖြစ်နဲ့ နေစေချင်တာလား? ဒါနဲ့....မင်းငါ့အပေါ် ညီအကိုလိုသဘောထားတာ သေချာရဲ့လား"
khaotungမေးလိုက်တော့ firstက သူ့မျက်နှာကိုမကြည့်တော့ပဲ တခြားဘက်လွှဲသွားသည်။
"သေချာတာပေါ့"
khaotungမျက်နှာမှာ လူယုတ်မာအပြုံးတစ်ခု ချက်ချင်းပေါ်ပေါက်လာသည်။
"တကယ်သေချာလား"
firstကအခုထိ ပြန်လှည့်မလာသေး။ အရက်အရှိန်ကြောင့် နှုတ်ခမ်းတစ်စုံက အနည်းငယ် ဆူထွက်နေသယောင်။ သူကြည့်ရင်းအသည်းယားလာသည်။

YOU ARE READING
⨍ᨵׁׅꭈׁׅꫀׁׅܻ᥎꫶ׁׅꫀׁׅܻꭈׁׅ ᥣׁׅ֪ᨵׁׅ᥎꫶ׁׅꫀׁׅܻ 🍓[Completed]
Fanfiction"မင်းပိုင်တဲ့အရာက အမြဲတမ်းမင်းအပိုင်ပဲ......ဘယ်သူ့အပိုင်မှဖြစ်လာမှာမဟုတ်ဘူး" first "ငါပိုင်တဲ့မင်းကို လာထိတဲ့သူမှန်သမျှ ငရဲသွားရမယ်....မင်းရဲ့အရာအရာတိုင်းကိုကာကွယ်ပေးမယ်၊တစ်ခုပဲ မင်းငါ့နေရာမှာ ဘယ်သူ့ကိုမှအစားမထိုးပါနဲ့" ................. ...