zawgyi💛🖤/idolကိုထိခိုက်လိုစိတ် လုံးဝမရှိပါ/
foreverlove < 6 >
"ဖူ.....သူက ကိုယ့်ကို ခွင့်လွှတ်မယ်ထင်လား"
"စိတ်မပူပါနဲ့ ကိုခန့်ရယ် သူကဖူတို့သားပဲလေ ချက်ချင်းခွင့်မလွှတ်နိုင်ရင်တောင် နောက်ကျ အဆင်ပြေသွားမှာပါ"
"အင်း...."
သူတို့အခု ဘန်ကောက်က အထက်ကျောင်းရှေ့ကို ရောက်နေတာဖြစ်သည်။ အကြောင်းကတော့ အိုင်းရစ်လို့ခေါ်တဲ့ သူ့ရဲ့ တစ်ဦးတည်းသော ရင်နစ်သည်းချာလေးကို လာကြိုတာဖြစ်သည်။
ခဏအကြာ ကျောင်းခေါင်းလောင်းတီးသံ ကြားလိုက်ရပြီး ကျောင်းသားတွေလည်း အမ်ားအျပား ထွက်လာကြသည်။ ထိုကျောင်းသားတွေဆီ အကြည့်ရောက်နေတုန်း ကျောင်းသားတစ်ယောက်က သူတို့ဆီပြေးလာသည်။ သေချာကြည့်တော့မှ သူ့ရဲ့သားတော်မောင် အိုင်းရစ်ပင်။
"ပါးပါး......"
ဟုဆိုကာ ဖူကိုပြေးဖက်တာကြောင့် သူဖူရဲ့ အေနာက္ကေန ထိန်းထားပေးလိုက်ရသည်။ သူသာမထိန်းလိုက်ရင် နှစ်ယောက်လုံး လဲကျမည်ကိုမြင်ယောင်မိသေး။ သားတော်မောင်က သေးသေးလေးမှမဟုတ်ပဲ။
"အဟွတ်....ဟွတ် ကဲ ပါးကိုလွတ်ပါအုံး အသက်ရှူရကျပ်နေပြီး"
ထိုအခါမွသာ ဒင်းလေးက လွတ်ပေးသည်။ ပြီးမှ ဘေးက ကိုယ့်ကိုမြင်သွားဟန်တူသည်။
"ဒယ်ဒီ....ဘယ်တုန်းက ပြန်ရောက်တာလဲ"
သားက သူ့ကို မေးလာတာကြောင့် သူစိတ်ထဲကျေနပ်မိသွားသည်။
"ဒယ်ဒီ ဒီနေ့မှပြန်ရောက်တာ ရောက်ရောက်ချင်း သားကိုလွမ်းလွန်းလို့ ဒီအထိလာကြိုတာလေ"
"သွားပါ....လွမ်းရင်ဘာလို့ အစောကြီးပြန်မလာတာလဲ နှစ်နှစ်ဆယ်တောင် ပစ်ထားတယ် ဒယ်ဒီ့ရောဂါအခြေအနေက ဆိုးရွားတယ်ဆိုပေမယ့် အဲ့လောက်ကြာတဲ့အထိ နေဖို့မလိုအပ်ဘူးမလား"
အင်း...ဟုတ်သည်။ သူက မွေးရာပါနှလုံးရောဂါပါလာပြီး ငယ်ငယ်ကတည်းက မပြည်စုံသူမို့ ဂရုမစိုက်ပဲထားခဲ့ရာ ကြီးလာတာနဲ့အမျှ ထိုရောဂါက အတော်ဆိုးရွားလာသည်။အဲ့တာကြောင့် နိုင်ငံခြားသွားပြီး နှလုံးအစားထိုးကုသခဲ့တာ။ ရောဂါအခြေအနေက အမြစ်တွယ်နေပြီးဖြစ်တာကြောင့် ခွဲစိတ်မှု ပြုလုပ်ရန်ခက်ခဲခဲ့သည်။ အဲ့တာကြောင့် သူ၃နှစ်လောက် ဆေးရုံမှာနေပြီး ဆေးနဲ့ကုခဲ့ရသည်။ အခြေအနေ နည်းနည်းကောင်းလာမှသာ နှလုံးအစားထိုးခွဲစိတ်ခဲ့သည်။ အရင်လိုပြန်ကောင်းလာအောင် ၁နှစ်လောက်အချိန်ယူခဲ့ရသည်။ မကောင်းတဲ့အလုပ်တွေအပြီးသတ်ရင်း သူ့စိတ်ကိုအကောင်းဆုံးပြင်ဆင်ခဲ့သည်။ အခုလိုပြည့်စုံပြီး မိသားစုနဲ့ အေးအေးချမ်းချမ်းပြန်နေနိုင်မှသာ ပြန်လာခဲ့တာဖြစ်သည်။
BINABASA MO ANG
⨍ᨵׁׅꭈׁׅꫀׁׅܻ᥎꫶ׁׅꫀׁׅܻꭈׁׅ ᥣׁׅ֪ᨵׁׅ᥎꫶ׁׅꫀׁׅܻ 🍓[Completed]
Fanfiction"မင်းပိုင်တဲ့အရာက အမြဲတမ်းမင်းအပိုင်ပဲ......ဘယ်သူ့အပိုင်မှဖြစ်လာမှာမဟုတ်ဘူး" first "ငါပိုင်တဲ့မင်းကို လာထိတဲ့သူမှန်သမျှ ငရဲသွားရမယ်....မင်းရဲ့အရာအရာတိုင်းကိုကာကွယ်ပေးမယ်၊တစ်ခုပဲ မင်းငါ့နေရာမှာ ဘယ်သူ့ကိုမှအစားမထိုးပါနဲ့" ................. ...