7( unicode / zawgyi )

452 44 0
                                    

idolကိုထိခိုက်လိုစိတ်မရှိပါ

forever love < 7 >

"ဒယ်ဒီ မြန်မြန်လာ၊ ဒီနေ့က အရေးကြီးပါတယ်ဆိုမှ"

"လာပါပြီကွာ၊ ဘာတွေများ အဲ့လောက်လောနေရတာလဲ၊ အခုမှ အစောကြီးပဲရှိသေးတယ်"

ဦးထိုင်းထက်ခန့် သူ့သားကို တကယ်နားမလည်တာကြောင့် မေးလိုက်မိသည်။ ကျောင်းသွားဖို့လည်း အဝေးကြီးလိုပါသေးရက်နဲ့။

"ကိုခန့်သားကလောနေမှာပေါ့ ဒီနေ့ သူရဲ့crushဦလေးကြီးက ကျောင်းကိုလာမှာလေ"

"ပါးကလည်း ဘာကိုဦးလေးကြီးလဲ အိုင်းရစ်ရဲ့ကိုကိုက ငယ်ပါသေးတယ်"

"ဟင်....သားရဲ့crushက ဘယ်သူလဲ"

"ကိုခန့်မသိဘူးလား VKကုမ္ပဏီရဲ့ ceoဖြစ်တဲ့ Firstလို့ခေါ်တဲ့ ကောင်လေးလေ"

ဦးထိုင်းထက်ခန့် နည်းနည်းတော့ တွေဝေသွားသည်။ သားက လိင်တူကြိုက်တာက ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် အသက်ကလည်းကွာပြီး၊ ဘန်ကောက်စီးပွားရေးလောကရဲ့ နံပါတ်တစ် ကုမ္ပဏီပိုင်ရှင်ကိုမှတဲ့လား။ သားက ငယ်သေးတာကြောင့် သားကိုမနာကျင်စေချင်ဘူး။

"သားက သူ့ကိုဘာလို့ကြိုက်တာလဲ"

"သူက ရုပ်ချောတယ်၊ ပိုက်ဆံလည်းချမ်းသာတယ်၊ ပြီးတော့ သူက ဘယ်သူ့ကိုမှလည်းစိတ်မဝင်စားဘူး အဲ့တာက စိတ်ဝင်စားစရာကောင်းတယ် အိုင်းရစ်က ခက်ခက်ခဲခဲရတာတွေမှသဘောကျတာ"

"သားသူ့ကို ဘယ်မှာစတွေ့တာလဲ"

"ဟိုတစ်ပတ်ကလေ အိုင်းရစ်အိမ်ပြန်လမ်းမှာ သူ့ကိုတွေ့လိုက်တာ သူကတော့ဒီအတိုင်းဘေးကဖြတ်သွားတာပဲ၊ ဒါပေမယ့် အိုင်းရစ်က စွဲလန်းသွားတာ"

"ဟင်း.....သူက တကယ်လို့သားကိုသဘောမကျရင်ရော၊ သားဘယ်လိုလုပ်မလဲ"

"တကယ်လို့ သူကအိုင်းရစ်ကိုသဘောမကျရင်တောင် ဘယ်သူ့ကိုမှ သဘောကျလို့မရဘူး ၊ ရှိခဲ့ရင်တော့ ရှင်းထုတ်ရမှာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုအိုင်းရစ်အပိုင်ဖြစ်အောင်လုပ်မှာ ဒယ်ဒီက ကူညီပေးရမယ်"

"ဘယ်လို ဒယ်ဒီက.."

"ဒယ်ဒီအိုင်းရစ်ကိုကတိပေးထားတယ်လေ ၊ အိုင်းရစ်လိုချင်တာအကုန်လုပ်ပေးမယ်လို့ အဲ့တော့ဒယ်ဒီကူညီပေးရမယ်၊ ဒယ်ဒီမကူညီရင် ဒယ်ဒီ့ကို ဘယ်တော့မှမခေါ်တော့ဘူး"

⨍ᨵׁׅꭈׁׅꫀׁׅܻ᥎꫶ׁׅꫀׁׅܻꭈׁׅ ᥣׁׅ֪ᨵׁׅ᥎꫶ׁׅꫀׁׅܻ 🍓[Completed]Donde viven las historias. Descúbrelo ahora