17( unicode / zawgyi )

412 33 0
                                    


zawgyi💛🖤

/idolကိုထိခိုက်လိုစိတ် လုံးဝမရှိပါ/

forever love < 17 >

"ဟယ်လို...စစ် ငါ့ကို firstဆိုတဲ့ကောင်လေးအကြောင်း မဟုတ်ပဲ သူနဲ့khaotungဆိုတဲ့ကောင်လေးနဲ့က ဘယ်လိုပက်သက်တာလဲဆိုတာကို အရင်စုံစမ်းပေး"

"...."

"အေး...ငါစိတ်ချမယ်"

..................

"ဘာ!....တောက်!!"

"တောင်းပန်ပါတယ် သူဌေး၊ ကျွန်တော့်ရဲ့ပေါ့လျော့မှုကြောင့်ပါ"

"ဒါကမင်းရဲ့ပေါ့လျော့မှုကြောင့်ဆိုရင် သေချာပေါက်အပြစ်ခံရမှာပေါ့"

khaotungရဲ့ အံကြိတ်ကာပြောလိုက်တဲ့ စကားကြောင့် တစ်ဖက်က ဂိုဏ်းသားတစ်ယောက်က အသက်တောင်ရဲရဲမရှူရဲတော့ပေ။

သူတို့ရဲ့သူဌေးက အဲ့လောက်ထိသြဇာပြင်းသည်။ ဖုန်းထဲမှာတောင် သူအသက်မရှူရဲတာ အပြင်မှာသာဆိုရင် ဒူးပါခွေကျသွားလောက်တဲ့အထိဖြစ်သွားနိုင်သည်။

"ဟုတ်ကဲ့ပါ...သူဌေး"

"မင်းအပြစ်က ထမင်းသုံးနပ်မစားပဲ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေလုပ်ရမယ်....မင်းမလဲကျမချင်း၊ နားလည်လား"

"ဟုတ်..ဟုတ်ကဲ့ပါ သူဌေး"

"စည်းကမ်းနံပါတ် ၁၀ကိုချိုးဖောက်တယ်...အပြစ်ခံယူချင်လို့လား"

"ဟုတ်ကဲ့ပါ..သူဌေး"

စည်းကမ်းနံပါတ် ၁၀က သူနဲ့စကားပြောနေချိန် အကြောင်းပြချက်မရှိပဲ အသံမပြောင်းရဘူး။

khaotungဖုန်းချပြီးတာနဲ့ တင်းကျပ်စွာစည်းထားတဲ့ နက်ကတိုင်ကို စိတ်ရှုပ်စွာ ဆွဲချွတ်လိုက်သည်။ သို့ပေမယ့် နက်ကတိုင်က ကျွတ်သွားခြင်းမရှိပဲ လည်ပင်းမှာ ရှိနေတုန်းပင်။

အခုဖြစ်သွားတာက သူ့ရဲ့ပစ္စည်းသဘောင်္က နိုင်ငံခြားရဲတွေနဲ့မိသွားတာကြောင့်ပင်။
      ထိုကိစ္စကြောင့် သူပိုက်ဆံ၁၀သန်းလောက်ဆုံးရှုံးသွားရသည်။ ဆုံးရှုံးမှု ပမာဏကများတာကြောင့် သူတော်တော်စိတ်ဖိစီးနေသည်။
ထိုစဉ် တံခါးဖွင့်သံကြားလိုက်ရတာကြောင့် သူဒေါသတွေက ငယ်ထိပ်ရောက်သွားသည်။

⨍ᨵׁׅꭈׁׅꫀׁׅܻ᥎꫶ׁׅꫀׁׅܻꭈׁׅ ᥣׁׅ֪ᨵׁׅ᥎꫶ׁׅꫀׁׅܻ 🍓[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ