zawgyi💛🖤/idolကိုထိခိုက်လိုစိတ် လုံးဝမရှိပါ/
forever love < 3 >
firstနဲ့တွေ့ပြီးနောက်ပိုင်း khaotungရဲ့ဘဝကအရင်အတိုင်းပင်။ အလုပ်သွားတယ် ပြန်တယ် အိပ်တယ်။ ပုံမှန်မဟုတ်တော့တာက သူ့နှလုံးသားပင်။ firstမရှိတော့ သူfirstကိုချစ်မိသွားကြောင်း သိလိုက်ရသည်။
တစ်ခါထဲသာတွေ့ဖူးပြီး firstပြောပြလို့ ကုမ္ပဏီceoဆိုတာကလွဲရင် ဘာမှမသိတာကြောင့် ဘာမှာရှာလို့ရှာရမလဲမသိပေ။
ဒီနေ့လည်း သူအလုပ်ပြီးတာနဲ့ အိမ်ကိုပဲပြန်လာခဲ့လိုက်သည်။ ဆိုင်မှာလူနည်းနည်းကျတာကြောင့် ခါတိုင်းထက် အိမ်ပြန်ချိန်နည်းနည်းနောက်ကျပေမယ့် အရမ်းကြီးမမှောင်သေးတာကြောင့် နေဝင်ဆည်းဆာရဲ့အလှကို သူခဏကြည့်လိုက်မိသည်။
ထိုအချိန် သူ့အတွေးထဲဝင်လာတာကfirst။"ဟူး.....ငါတို့ပြန်တွေ့ခွင့်ရှိအုံးမလား first"
သူလည်း လေကောင်းလေသန့်နည်းနည်းလောက် ရူလိုက်ပြီး အိမ်ပြန်လမ်းအတိုင်းပြန်လာခဲ့လိုက်သည်။
သူလျှောက်လာနေတုန်း လူပျက်တဲ့နေရာအရောက် လမ်းဘေးမှာ ကားတစ်စီးသစ်ပင်တစ်ပင်ကို ဝင်တိုက်မိတာ မြင်လိုက်ရသည်။ အခြေအနေကြည့်ပုံအရ ကားကတော်တော်ပျက်စီးနေပြီး ကားအောက်မှာလည်းဓာတ်ဆီတွေ စိမ့်နေတာမို့ ကားထဲကလူကို စိတ်ပူသွားကာ အမြန်ပြေးသွားလိုက်သည်။
သူရောက်သွားတော့ ကားထဲကလူက တော်တော်အခြေနေဆိုးနေပြီးဖြစ်တာကြောင့် သူကားတံခါးဖွင့်ဖို့လုပ်လိုက်သည်။ ဖွင့်လို့မရတာကြောင့် အနီးနားက ကျောက်ခဲတုံးကိုယူကာ ရိုက်ခွဲလိုက်သည်။ ကားအောက်ကဓာတ်ဆီတွေကလည်း တစ်ဖြည်းဖြည်းများလာကြောင့် သူအမြန်ရိုက်ခွဲရင်း နောက်ဆုံးတော့ကွဲသွားသည်။ ဒါနဲ့သူလည်း ကားထဲကလူကိုထုတ်ကာ ဒီနေရာနဲ့နည်းနည်း အလှမ်းဝေးတဲ့နေရာကိုခေါ်သွားကာ သစ်ပင်တစ်ပင်အနောက်မှာ သွားပုန်းနေလိုက်သည်။ ခဏအကြာ ကားပေါက်ကွဲသွားတာကြောင့် သူလည်းသက်ပြင်းချကာ ထိုလူကိုဆေးရုံပို့ဖို့ပြင်လိုက်သည်။ထိုလူက အသက်၄၀ ၅၀အရွယ်လောက်ရှိပြီးထင်သည်။ သူလည်း အပြင်ပြန်ထွက်လာကာ ဖြတ်သွားဖြတ်လာကားအား အကူအညီတောင်းကာ ထိုလူကိုဆေးရုံခေါ်သွားလိုက်သည်။
ဆေးရုံရောက်ပြီး ဆရာမတွေကအရေးပေါ်ခန်းထဲ ခေါ်သွားမှသာ သူစိတ်အေးသွားရသည်။
![](https://img.wattpad.com/cover/327695114-288-k743062.jpg)
STAI LEGGENDO
⨍ᨵׁׅꭈׁׅꫀׁׅܻ᥎꫶ׁׅꫀׁׅܻꭈׁׅ ᥣׁׅ֪ᨵׁׅ᥎꫶ׁׅꫀׁׅܻ 🍓[Completed]
Fanfiction"မင်းပိုင်တဲ့အရာက အမြဲတမ်းမင်းအပိုင်ပဲ......ဘယ်သူ့အပိုင်မှဖြစ်လာမှာမဟုတ်ဘူး" first "ငါပိုင်တဲ့မင်းကို လာထိတဲ့သူမှန်သမျှ ငရဲသွားရမယ်....မင်းရဲ့အရာအရာတိုင်းကိုကာကွယ်ပေးမယ်၊တစ်ခုပဲ မင်းငါ့နေရာမှာ ဘယ်သူ့ကိုမှအစားမထိုးပါနဲ့" ................. ...