ညကပင်ပန်းထားလို့ အိမ်ရောက်တာနဲ့ ရေချိုးပြီး အိပ်ယာပေါ် ပစ်လှဲလိုက်မယ်လို့ အားခဲပြီး ပြန်လာတဲ့လမ်းမှာ
"Mr Choi ကားကို ရပ်လိုက် ဟိုရှေ့မှာ ဘာဖြစ်နေလဲမသိဘူး သွားကြည့်လိုက်ပါအုန်း သတိထားပြီးလည်းသွား"
"မမလေး ကားထဲမှာ အမျိုးသမီးတစ်ယောက် သတိလစ်နေတာ သေပြီလားမသိဘူး သွေးတွေနဲ့"
"ဟင် accident ဖြစ်ထားပုံပဲ ကားက"
လျင်မြန်လွန်းလှတဲ့ လှုပ်ရှားမှုတွေနဲ့ ကားထဲကထွက်သွားပြီး ဘာမှပြောချိန်တောင်မရလိုက်ဘူး ဟိုကားတံခါးကိုဆွဲဖွင့်ပြီးနေပြီ
မမလေးကတော့ လူနာလို့သိတာနဲ့ ဘာမှကိုမစဉ်းစားတော့တာ
"Mr Choi မြန်မြန်
အသက်ရှူနေသေးတယ်
Jen တို့ကားနဲ့ပဲ ဆေးရုံမြန်မြန်ပို့ရအောင်"ခေါင်းမှာထိထားပြီး သွေးစီးကျနေတာမို့ မျက်နှာမှာ သွေးတွေက ခြောက်နေပြီ
Jen ဒါဏ်ရာလိုက်ရှာကြည့်တော့ ငယ်ထိပ်နားမှာ ကွဲနေတယ် သွေးကခဲပြီး ပိတ်ထားသလိုဖြစ်နေလို့ သွေးတော့ဆက်မထွက်တော့ဘူး
ဆေးရုံရောက်တာနဲ့ Jen ကိုယ်တိုင် သန့်ရှင်းရေးလုပ်ပေးပြီး ခဲနေတဲ့ သွေးခဲကို ဖယ်ထုတ်လိုက်တာနဲ့ သွေးက ပြန်ထွက်လာတယ်
အလျင်အမြန်ပဲ gauze စလေးနဲ့ ဖိပိတ်ပြီး pressure ပေးထားလိုက်မှ သွေးက တိတ်သွားတယ်
"ချုပ်ဖို့ instruments ပြင်ပေးပါနော်
လူနာရှင်နဲ့ အဆက်အသွယ်ရပြီလား လူနာက သွေးထွက်များပြီး shock ရသွားပုံပဲ ဘာကိစ္စကြောင့်ဖြစ်ရလဲတော့ သူသတိရလာမှ သိရမှာပဲ""Local သုံးအုန်းမလား ဒေါက်တာ"
"မသုံးတော့ဘူး အနာမြန်မြန်ကျက်အောင်လို့
Skull ကိုလည်းမထိလို့တော်သေးတယ်"လူနာရဲ့ ph contact list ထဲမှာ မိဘ လို့ထင်ရလောက်တဲ့ထိ မှတ်ထားတာမျိုးမရှိဘူး နောက်ဆုံး Unnie လို့မှတ်ထားတဲ့ တစ်လုံးကို ခေါ်လိုက်တော့ message ချန်ထားခဲ့ဖို့ ပြောတာနဲ့ ချန်ထားလိုက်ရတယ် ခဏနေလောက်ဆို လူနာလည်းသတိ ရလာမှာမို့ သူသတိရတဲ့အခါမှပဲ သူ့ဆွေမျိုးတွေကို ဆက်သွယ်ပါစေတော့လို့ပဲ ထားလိုက်တယ် ခေါင်းထိတာမို့ 24 hrs ပြည့်တဲ့ထိ ဆေးရုံမှာ နေရမှာပဲဆိုတော့
လူနာကို တာဝန်ခံဆရာဝန်အနေနဲ့ တာဝန်ယူပြီး လိုအပ်တာတွေလုပ်ပေးပြီး Jen လည်း တာဝန်ကျ ဆရာမလေးကို မှာပြီးတာနဲ့ အိမ်ပြန်လာခဲ့လိုက်တော့တယ်
Jen က အိမ်မှာ အိမ်အကူတွေနဲ့ပဲ နေတယ်
Jen appaက US မှာ အိမ်ထောင်ထပ်ယူပြီးအခြေချလိုက်ပြီမို့ ပြန်မလာတော့ဘူး တွေ့ချင်ရင် Jen ကသာ သွားတွေ့ရတာJen omma ကိုတော့ မမှတ်မိတော့ဘူး
ပင်ပန်းလွန်းလို့ alarm ပေးပြီး ရေတောင်မချိုးနိုင်ဘဲ လှဲလိုက်တာနဲ့ကို အိပ်ပျော်သွားတယ်
Jen ရဲ့ Daily Life က သံပတ်ပေးထားတဲ့ အရုပ်လိုပဲ ပင်ပန်းပေမယ့် စိတ်ဆင်းရဲရတာမရှိလို့ မဆိုးပါဘူး ပြောရမှာပဲ
Night Duty က ၂ ရက်ဆင်းရမှာ ဒီညလည်းသွားရအုန်းမှာ
မနက်က Jen ရဲ့ လူနာကို တစ်ချက်လောက်ဝင်ကြည့်ချင်တာနဲ့ စောစောထွက်လာခဲ့လိုက်တယ်
လူနာက သတိရပြီးရယ်မောလို့ ခုကျတော့မှ သေချာသတိထားမိတာ လူနာကချစ်စရာလေး စကားပြောတာလည်း ချွဲပြီးပြောနေတာ Jen လည်း ကိုယ်ဝင်ကြည့်မှာပေမယ့် ethics အရ တံခါးခေါက်ပြီးမှ ဝင်သွားလိုက်တယ်
"ဟင်"
"Jennie လား"
"Jisoo"
သူက Jen လားမေးတာ သိပ်မမှတ်မိတာနေမှာပေါ့ တူနေတယ်ထင်တာများလား ဟုတ်တာပေါ့ ပြောင်းလဲသွားပြီလေ အရာတော်တော်များများ
Jen ကတော့ ဘယ်တော့မှ မေ့မရတဲ့သူ့ကို ဘယ်တော့မှ....... ဟုတ်ပါတယ် ဘယ်တော့မှ မမေ့ခဲ့သူမို့ သေချာကိုမှတ်မိပါတယ်လေ
YOU ARE READING
Unbelievable Love
Fanfictionယုံကြည်မှု အပြည့်အဝထားပြီး တည်ဆောက်လို့ရပါ့မလားဆိုတာကို မယုံကြည်ရဲတော့တာမျိုး