ဆိုးဆီက ဘာဖြေရှင်းချက်မှ နားထောင်နေစရာ မလိုတော့ပြီမို့ ဂျင်းဖက်က ဘာမှ ပြောခွင့်ပေးမနေတော့ဘူး
ကျောင်းပိတ်ရက်တွေက ဂျင်းအတွက်ငရဲလိုပါပဲ ခံပြင်းလွန်းတဲ့ ဒေါသတွေက ဘယ်လိုမှ တားမရ နာကြည်းလွန်းတဲ့ စိတ်တွေနဲ့ သတိမရမိအောင် မလွမ်းမိအောင် အတင်းကိုကြိုးစားနေရတာ တကယ် ငရဲပဲ
ဆိုးမှာလည်း သူ့အမှားကို သိတာအပြင် ကိုယ့်ရဲ့မလှပတဲ့ ဘဝပေး အခြေအနေကြားမှာ ဂျင်းကို ဘယ်လိုမှ ရှင်းပြဖို့ ကြိုးစားချိန်မရ ကျောင်းပြန်ဖွင့်ရင် ကျောင်းစရိတ်ကာမိအောင် ရသမျှ အလုပ် အကုန်လိုက်လုပ်နေခဲ့ရတာ
ဒုတိယနှစ်မှာ ကျောင်းစပြီး ပြန်ဖွင့်ကတည်းက ဆိုးက ဂျင်းကိုအတင်းပြန်လိုက်တော့တာပဲ
ဂျင်းက အရမ်းကိုတည်တင်းလွန်းတဲ့ မျက်နှာထားနဲ့ မျက်လုံးကိုတောင်တည့်တည့်ပြန်မကြည့်တော့ ဆိုး ဘာဆက်လုပ်ရမယ်မသိတော့ဘူး
"ဂျင်း စိတ်မဆိုးပါနဲ့
ဆိုးကို မမေးတော့ဘူးလား ရှင်းပြခွင့်ကော မပေးနိုင်တော့ဘူးလား"ဂျင်း တစ်ချက်ပဲပြန်ကြည့်ပြီး
"ကိုယ့်ကိုနေ ငါ့ကို မသိသလိုနေ"
"ဂျင်းးးး
ဆိုးက ဂျင်းကိုပဲချစ်တာ""သွားသေလေ"
ပြောပြီးတာနဲ့ ဂျင်းက ခုံပေါ်မှောက်အိပ်ချလိုက်တယ်
"ဆိုးက ဂျင်းကိုပဲ ချစ်တယ်ဆိုတာ မယုံရင်လည်း ယုံပေးမှရမယ်ဂျင်းရယ်"
ဆိုးက ဂျင်းဘေးကခုံမှာပဲ အမြဲထိုင်ပြီး အခွင့်ကြုံတာနဲ့ ဂျင်းကိုရသလောက်ဖြေရှင်းချက်ပေးတယ်
ခုလည်း ထမင်းစားချိန် အခန်းထဲ နှစ် ယောက်လုံးမထွက်ဘဲ နေနေမိကြတယ်
"ဂျင်းကို ဆိုးကအပိုင်ကြံနေတာ ဂျင်းကလည်း ဆိုးကို ခိုင်းစားလို့ရလို့ လက်သပ်မွေးထားတာဆိုတဲ့ စကား တွေကို ဆိုး အရမ်းခံပြင်းပြီး ဂျင်းကိုရှောင်ခဲ့တာ"
ဂျင်းက ထုံးစံအတိုင်းဘာမှပြန်မပြော
"ဂျင်းနားမှာနေရင်း သိမ်ငယ်မိတဲ့စိတ်တွေဝင်လာမိတာကိုလည်း ဝန်ခံပါတယ် စိတ်ရှုပ်ရှုပ်နဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဘာမှ သေချာမစဉ်းစားနိုင်တော့ဘဲ အိုပါးကိုလည်း အဖြေပြန်ပေးမိခဲ့တယ် ဂျင်းရယ်"
YOU ARE READING
Unbelievable Love
Fanfictionယုံကြည်မှု အပြည့်အဝထားပြီး တည်ဆောက်လို့ရပါ့မလားဆိုတာကို မယုံကြည်ရဲတော့တာမျိုး