ဆိုအွန်းနဲ့ ကိစ္စတွေဖြစ်ပြီး တစ်ပတ်လောက်ကြာတဲ့အထိ ဂျင်းကိုယ့်ကိုကိုယ် စိတ်ဆိုးတာရော ဆိုအွန်းကို ဒေါသဖြစ်ရတာတွေရောကြောင့် အိမ်မှာပဲ ဘယ်သူ့ကိုမှ အဆက်အသွယ်မလုပ်ဘဲ နေလိုက်မိတယ် ဆိုးကို လွမ်းလွန်း နေပေမယ့် ဖုန်းလည်းမဆက်ဖြစ် စာလည်းမပို့ဖြစ် လူကိုယ်တိုင်ကတော့ အိမ်ထဲက အိမ်ပြင်ထွက်ဖို့တောင် စိတ်ကမပါတာမို့ သွားတွေ့ဖို့ကိုလည်း အားကမရှိပြန်ဘူး
ဆိုအွန်းကိုလည်း တစ်သက်လုံး မိတ်ဆွေအဖြစ်တောင် မရှိကြတော့ဖို့ လုံးဝခွင့်မလွှတ်နိုင်ဘူးလို့အပြတ် ပြောလိုက်ပေမယ့် ဆိုအွန်းဖက်က ဒူးထောက်တောင်းပန်ပြီး သူငယ်ချင်းအဖြစ်တော့ ဆက်ပြီးခင်မင်ခွင့် တောင်းခဲ့တယ် ဂျင်းကတော့ မြင်တောင်မမြင်ချင်တော့တာမို့ ထပ်ပြီးမပတ်သက်တော့ဖို့ကိုပဲ ပြတ်ပြတ်သားသား ပြောလိုက်တယ်
ဒါတောင် ဂျင်းက ဆိုအွန်း ဂျီဆိုကို ဗွီဒီယို call နဲ့ ခေါ်လိုက်တဲ့အကြောင်းတွေမသိခဲ့သေးဘူး
'ဆိုးကို ဖုန်းခေါ်ပေမယ့် စက်ပိတ်ထားတာနဲ့ပဲ တိုးနေတယ်'
'ဆိုးနဲ့အဆက်အသွယ်ပြတ်တာ ဒီရက်က ရှစ်ရက်မြောက်တဲ့နေ့'
'ဆိုးကိုတွေ့ချင်လို့ ဘယ်မှာရှိမလဲသိရဖို့က ဆိုး ဖုန်းကိုင်မှဖြစ်မှာ '
"ဖုန်းကိုဘာလို့စက်ပိတ်ထားရတာလဲဆိုးရာ"
"အိမ်မှာပဲသွားစောင့်နေလည်း ဖြစ်တာပဲ ဆိုးက ဂျူတီတစ်နေရာနဲ့ တစ်နေရာ အကူးအပြောင်း အိမ်ကိုပြန်လာနေကျပဲ အိမ်မှာသွားစောင့်နေရင် တွေ့ရမှာ"
ကိုယ့်အတွေးနဲ့ကိုယ် ဂျင်းတစ်ယောက် ဆိုးအိမ်ကိုထွက်လာခဲ့တော့တယ်
"အိမ်သော့ပေးထားလို့တော့သေး"
မနက်ကနေ ညအထိ ဖုန်းတောက်လျှောက်ခေါ်နေပေမယ့် ဖုန်းက စက်ပိတ်ထားတယ်ပဲ မဟုတ်သေးပါဘူး ဆိုးက စက်ပိတ်ရလောက်အောင်ထိ အလုပ်ရှုပ်နေတာလား စိတ်ပိတ်နေတာကိုတောင်မသိဘူးလား
အိမ်ရှေ့ပြန်ထွက်လိုက်ပြီး ဘေးအခန်းကို မေးဖို့ တံခါးခေါက်လိုက်တယ်
YOU ARE READING
Unbelievable Love
Fanfictionယုံကြည်မှု အပြည့်အဝထားပြီး တည်ဆောက်လို့ရပါ့မလားဆိုတာကို မယုံကြည်ရဲတော့တာမျိုး