'"ဘာဖြစ်လို့လဲဂျင်း"
"ဆိုအွန်းက အိမ်ပြန်ရင်း လမ်းမှာ ကားရှေ့ကိုခွေးဖြတ်ပြေးလို့ လမ်းဘေးကို ကားကိုဆွဲချလိုက်တာ ဘေးက ပလက်ဖောင်းနဲ့တိုက်မိသွားတယ်တဲ့"
"ဘာဖြစ်သွားသေးလဲ ဆိုအွန်းဆက်တာလား ဂျင်းလိုက်သွားချင်သွားလေ ဆိုးလိုက်ပို့ပေးရမလား"
"နဲနဲပွန်းပဲ့ယုံလောက်ပဲလို့ပြောတာပဲ အိမ်ပြန်ရောက်ပြီပြောတယ် ဟုတ်ရဲ့လားလည်းမသိပါဘူး"
ဆိုးက ဘာမှတော့ဆက်မပြော
"လန့်သွားလား ရေသောက်လိုက်အုန်း အင့်"
"လန့်တာထက် ဂျင်း အပြစ်များလားလို့တွေးမိသွားလို့ အသံကလည်း သိပ်မကောင်းတော့ သူ တော်တော်ဝမ်းနည်းနေမယ်ထင်တယ်"
"စိတ်မကောင်းဖြစ်သွားတာလား ဖုန်းဆက်ပြီး အားပေးလိုက်လေ ဆိုး အိပ်နှင့်တော့မယ်နော်"
ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုချစ်တယ် ပြန်လိုချင်တယ်လို့ တဖွဖွပြောခဲ့ပေမယ့် လက်ရှိသူ့ချစ်သူကို ကိုယ့်ရှေ့မှာ စိတ်ပူနေတာမျိုးကြီးကျ ဘယ်လိုနှလုံးသားနဲ့ လက်ခံပေးရမှာပါလိမ့် ကိုယ့်ကွယ်ရာမှာ ဘာမှမသိရရင် ဘာမှ မဖြစ်ပေမယ့် ကိုယ့်ရှေ့ကြီးမှာကျ ရင်နာရတာမှ စူးးးနေတာပဲ ဝမ်းနည်းလွယ်နေတတ်တဲ့ ကိုယ့်စိတ်ကိုလည်း စိတ်ဆိုးလိုက်တာ နာကျင်နေတဲ့နှလုံးသားမှာလည်း ဒဏ်ရာတွေဟာ အသစ်အသစ်တွေထပ်လို့
ဂျင်းက ဖုန်းဆက်ပြီး ဘာတွေပြောနေတယ်တော့မသိဘူး အသံကိုတိုးပြီးပြောနေတာမို့ ဘာမှသဲသဲကွဲကွဲမကြားရဘူး အနားကိုလည်းရောက်မလာဘူး
မျက်လုံးမှိတ်လိုက်တော့ စီးကျလာတဲ့မျက်ရည်တွေကို သုတ်လည်းမသုတ်ချင်တော့တာမို့ လစ်လျူရှုထားပြီး အိပ်ပျော်အောင်ပဲ ကြိုးစားရတော့တယ်
ဂျင်းရယ် ဆိုအွန်းကို မပြတ်နိုင်ဘဲ ဆိုးဆီကို ပြန်မလာခဲ့ပါနဲ့တော့ ဂျင်းက ဆိုးကလွဲပြီး ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်လောက်ဘူး ထင်ခဲ့မိတာ ဆိုးကကိုယ့်ကိုကိုယ် သိပ်အထင်ကြီးလွန်းခဲ့တာဖြစ်မယ်
ဂျင်းဖက်မှာလည်း ဂျင်းအတွေးနဲ့ဂျင်း
ဂျင်းက ဆိုးကလွဲပြီး ဘယ်သူ့ကိုမှ ချစ်လို့မရခဲ့ပါဘူး ဟိုမှာလည်းဆိုးကို မေ့ဖို့ကြိုးစားရင်း မေ့သွားမလာဆိုပြီး တွဲခဲ့တာ ခု ဆိုအွန်းကိုကျ ချစ်ကြည့်မယ်ဆိုပြီးအတည်တွဲဖို့ ကြိုးစားနေရင်းမို့ ဆိုအွန်းကိုကျ သံယောဇဉ်ရှိနေပေမယ့် အဖြူရောင်သက်သက်ပါ
YOU ARE READING
Unbelievable Love
Fanficယုံကြည်မှု အပြည့်အဝထားပြီး တည်ဆောက်လို့ရပါ့မလားဆိုတာကို မယုံကြည်ရဲတော့တာမျိုး